နိုင္ငံေက်ာ္ အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ စိုင္းစိုင္းခမ္ းလိႈင္ကေတာ့ ရုပ္ရွင္၊ ဂီတ၊ စာေပ အဖက္ဖက္ကေန ေျပာစရာမလုိေအာင္ ထူးခြ်န္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စိုင္းစိုင္းခမ္းလိႈင္ကေတာ့ သူကိုယ္တိုင္လည္း အနုပညာေလာကမွာ နွစ္ေပါင္း (၂၀) ေက်ာ္ၾကာ ရပ္တည္နိုင္ခဲ့ျပီး နိုင္ငံတကာအလည္မွာလည္း မ်က္နွာပန္းပြင့္ေစတဲ့ အနုပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း စိုင္းစိုင္းခမ္းလိႈင္နဲ့ ပက္သတ္ျပီး စိတ္လႈပ္ရွားရင္ ခုန္စရာေကာင္းတဲ့ သတင္းတစ္ခုက ထြက္ရိွေနတာပဲ ျဖစ္ပါတယ္။

စိုင္းစိုင္းခမ္းလိႈင္က မၾကာခင္မွာ သူ့ရဲ့သီခ်င္းသစ္ “Red Light” ကို ပရိသတ္ေတြဆီ ခ်ျပေတာ့မွာျဖစ္ျပီး ထိုသီခ်င္းက ကမၻာေက်ာ္ K Pop အဖြဲ့ျဖစ္တဲ့ 2ne1 Member တစ္ေယာက္နဲ့ Collaboration လုပ္ထားတယ္လို့ သတင္းေမႊးေနတာ ျဖစ္ပါတယ္။ စို္င္းစိုင္းခမ္းလိႈင္ကေတာ့ သူ့ရဲ့သီခ်င္းက ထူးထူးျခားျခား အဂၤလိပ္ Title ေပးထားတယ္ဆိုျပီး Hint ေတြေပးေနခဲ့သလို 2ne1 ဘက္ကလည္း ျမန္မာ Artist တစ္ေယာက္နဲ့ သီခ်င္းထြက္ ဖို့ရိွတယ္ဆိုျပီး သတင္းေတြေပးေနခဲ့တာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ 2ne1 အဖြဲ့ထဲက Minzy ဒါမွမဟုတ္ Prak Bom နဲ့ျဖစ္နိုင္တယ္လို့ ထင္ေၾကးေပးေနၾကျပီး ဘယ္သူနဲ့မ်ားျဖစ္မလဲဆိုတာကိုေတာ့ ေသေသခ်ာခ်ာမသိရေသးပါဘူး။ တကယ္လို့ ဒီကိစၥသာ အမွန္တကယ္ျဖစ္လာရင္ေတာ့ စိုင္းစိုင္းခမ္းလိႈင္အတြက္လည္း ဂီတမွတ္တိုင္ေကာင္းတစ္ခုကို ေရာက္ရိွေစခဲ့သလို ျမန္မာပရိသတ္ေတြအေနနဲ့လည္း ေတာ္ေတာ္ၾကီးဝမ္းသာရမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit – Cele Connections

နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ် းလှိုင်ကတော့ ရုပ်ရှင်၊ ဂီတ၊ စာပေ အဖက်ဖက်ကနေ ပြောစရာမလိုအောင် ထူးချွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူကိုယ်တိုင်လည်း အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်ကြာ ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာအလည်မှာလည်း မျက်နှာပန်းပွင့်စေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ ပက်သတ်ပြီး စိတ်လှုပ်ရှားရင် ခုန်စရာကောင်းတဲ့ သတင်းတစ်ခုက ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က မကြာခင်မှာ သူ့ရဲ့သီချင်းသစ် “Red Light” ကို ပရိသတ်တွေဆီ ချပြတော့မှာဖြစ်ပြီး ထိုသီချင်းက ကမ္ဘာကျော် K Pop အဖွဲ့ဖြစ်တဲ့ 2ne1 Member တစ်ယောက်နဲ့ Collaboration လုပ်ထားတယ်လို့ သတင်းမွှေးနေတာ ဖြစ်ပါတယ်။ စို်င်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့သီချင်းက ထူးထူးခြားခြား အင်္ဂလိပ် Title ပေးထားတယ်ဆိုပြီး Hint တွေပေးနေခဲ့သလို 2ne1 ဘက်ကလည်း မြန်မာ Artist တစ်ယောက်နဲ့ သီချင်းထွက် ဖို့ရှိတယ်ဆိုပြီး သတင်းတွေပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ 2ne1 အဖွဲ့ထဲက Minzy ဒါမှမဟုတ် Prak Bom နဲ့ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပြီး ဘယ်သူနဲ့များဖြစ်မလဲဆိုတာကိုတော့ သေသေချာချာမသိရသေးပါဘူး။ တကယ်လို့ ဒီကိစ္စသာ အမှန်တကယ်ဖြစ်လာရင်တော့ စိုင်းစိုင်းခမ်းလှိုင်အတွက်လည်း ဂီတမှတ်တိုင်ကောင်းတစ်ခုကို ရောက်ရှိစေခဲ့သလို မြန်မာပရိသတ်တွေအနေနဲ့လည်း တော်တော်ကြီးဝမ်းသာရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit – Cele Connections