ပရိသတ်ကြီးရေ Miss Universe Myanmar ပွဲမှာ ချင်းပြည်နယ်ရဲ့ ဟားခါးမြို့ကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး အခုတစ်ခါ Miss Universe ပြိုင်ပွဲကြီးရဲ့ National Costume Competition မှာလည်း ချင်းဝတ်စုံကို ဝတ်ဆင်ပြီးမြန်မာ နိုင်ငံကိုယ်စားပြုခွင့်ရတာခဲ့တဲ့ မြန်မာအလှမယ် သူဇာဝင့်လွင်ကို စစ်ကောင်စီကဖမ်းမိန် ့ထုတ်ထားပြီဟု ထိုင်းမီဒီယာတစ်ခုကဖော်ပြထားပါ တယ်နော်။

ကမ္ဘာ့စင်မြင့် ထက်မှာ Pray for Myanmar အင်္ဂလိပ်လိုရေးထားတဲ့ စာလုံးကိုကိုင်ပြီး မြန်မာပြည်သူတွေ ဘက်ကတစ်သွေးတစ်သားထဲ ရပ်တည်ကြောင်းကို ရဲဝံ့စွာ ထုတ်ဖော်ပြသခဲ့သူလည်းဖြစ်ကာ ဘာကြောင့်စစ်ကောင်စီဘက်ကဖမ်းမိန့်ထုတ် လိုက်တာကို အသေးစိတ်မသိရသေးပေမဲ့ သူဇာရဲ့ချစ်ပရိတ်တွေကသူမအတွက် စိုးရိမ်နေကြရပါတယ်နော်။ အစ်မဖြစ်သူ မေကလည်းသူ့ညီမလေး မြန်မာနိုင်ငံကို ပြန်လာဖို့ အဆင်မပြေသေးတာကြောင့် USမှာနေထိုင်တဲ့ ရွှေမြန်မာများ ကူညီစောင့်ရှောက်ပေးထားကြပါဦးလို့အကူ အညီတောင်းထား ပါသေးတယ်နော်။

သူဇာဝင့်လွင် ကတော့ လေဆိပ်မှာ သူ့ရဲ့luggage ပျောက်သွားခဲ့တာကြောင့် ချစ်တဲ့သူတွေကူညီပေးခဲ့ကြလို ့အခက်အခဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့သူပါနော်။ Top Finalists 21 ချိတ်နိုင်ခဲ့တဲ့ Queen Of Democracy အလှမယ်လေးကို US က မြန်မာတွေကူညီပေးကြမယ်လို့ ယုံကြည်ပါတယ်နော်။ Candy ကတော့ မြန်မာ့ Pagentary သမိုင်းမှာ သမိုင်းတွင်နိုင်ခဲ့ ပါပြီနော်။

Credit:CELELUCKY

ပရိသတ္ႀကီးေရ Miss Universe Myanmar ပြဲမွာ ခ်င္းျပည္နယ္ရဲ့ ဟားခါးၿမိဳ႕ကို ကိုယ္စားျပဳ ယွဥ္ၿပိဳင္ခဲ့ၿပီး အခုတစ္ခါ Miss Universe ၿပိဳင္ပြဲႀကီးရဲ့ National Costume Competition မွာလည္း ခ်င္းဝတ္စုံကို ဝတ္ဆင္ၿပီးျမန္မာ နိုင္ငံကိုယ္စားျပဳခြင့္ရတာခဲ့တဲ့ ျမန္မာအလွမယ္ သူဇာဝင့္လြင္ကို စစ္ေကာင္စီကဖမ္းမိန္ ့ထုတ္ထားၿပီဟု ထိုင္းမီဒီယာတစ္ခုကေဖာ္ျပထားပါတယ္ေနာ္။

ကမၻာ့စင္ျမင့္ ထက္မွာ Pray for Myanmar အဂၤလိပ္လိုေရးထားတဲ့ စာလုံးကိုကိုင္ၿပီး ျမန္မာျပည္သူေတြ ဘက္ကတစ္ေသြးတစ္သားထဲ ရပ္တည္ေၾကာင္းကို ရဲဝံ့စြာ ထုတ္ေဖာ္ျပသခဲ့သူလည္းျဖစ္ကာ ဘာေၾကာင့္စစ္ေကာင္စီဘက္ကဖမ္းမိန႔္ထုတ္ လိုက္တာကို အေသးစိတ္မသိရေသးေပမဲ့ သူဇာရဲ့ခ်စ္ပရိတ္ေတြကသူမအတြက္ စိုးရိမ္ေနၾကရပါတယ္ေနာ္။ အစ္မျဖစ္သူ ေမကလည္းသူ႔ညီမေလး ျမန္မာနိုင္ငံကို ျပန္လာဖို႔ အဆင္မေျပေသးတာေၾကာင့္ USမွာေနထိုင္တဲ့ ေရႊျမန္မာမ်ား ကူညီေစာင့္ေရွာက္ေပးထားၾကပါဦးလို႔အကူအညီေတာင္းထား ပါေသး တယ္ေနာ္။

သူဇာဝင့္လြင္ ကေတာ့ ေလဆိပ္မွာ သူ႔ရဲ့luggage ေပ်ာက္သြားခဲ့တာေၾကာင့္ ခ်စ္တဲ့သူေတြကူညီေပးခဲ့ၾကလို ့အခက္အခဲမရွိ ယွဥ္ၿပိဳင္နိုင္ခဲ့သူပါေနာ္။ Top Finalists 21 ခ်ိတ္နိုင္ခဲ့တဲ့ Queen Of Democracy အလွမယ္ေလးကို US က ျမန္မာေတြကူညီေပးၾကမယ္လို႔ ယုံၾကည္ပါတယ္ေနာ္။ Candy ကေတာ့ ျမန္မာ့ Pagentary သမိုင္းမွာ သမိုင္းတြင္နိုင္ခဲ့ ပါၿပီေနာ္။

Credit:CELELUCKY