မော်လ်ဒယ်သရုပ်ဆောင် မင်းသားချော ချမ်းမင်းရဲထွဋ် ကတော့ တော်လှန်ရေး တိုက်ပွဲကြီးမှာပြည်သူတွေနဲ့အတူ ရပ်တည်နေကာ အရေးတော်ပုံကြီးမှာ တတ်နိုင်သလောက် ပါဝင်နေသူလည်း ဖြစ်ပါတယ်..။ချမ်းမင်းရဲထွဋ်ကတော့ ပစ်ခတ်မှုတွေကြောင့် အခြေအနေတွေဆိုးရွားနေတဲ့ ကယားပြည်နယ်အတွက် စိတ်ပူပင်နေပြီး မိသားစုရဲ့လက်ရှိအခြေအတွေကိုလည်း စိတ်မကောင်းစွာ ပြောပြလာပါ တယ်..။

ဘေးလွတ်ရာကို ပြေးဖို့ အထုတ်အပိုးတွေပြင်ဆင်ထားပြီး ပုန်းနေရတဲ့ လွိုင်ကော်က မိသားစုတွေ အတွက် စိတ်တွေပူ နေရပေမယ့် အိမ်မပြန်နိုင်လို့ဝမ်းနည်း စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။မိသားစုနဲ့ ဖုန်းအဆက်အသွယ်ရပေမယ့်လည်း စိတ်ပူစိုးရိမ်နေရတဲ့ အကြောင်းတွေနဲ့အတူ မိသားစုတွေအပြင် ပြည်သူတွေ အန္တရာယ်ကင်းဘေးရှင်းစေဖို့ကိုလည်း ဆုတောင်းစကား ဆို ထားပါသေး တယ်..။

“စိတ်တွေပူလိုက်တာ …အမေတို့လည်း အခုကို အထုပ်ပြင်ပီး ပုန်းနေရတဲ့ အခြေအနေ …ခုကပြန်သွားလို့လည်းမရ … ညကဖုန်းဆက်တော့လည်း .. သားပြန်လာလိုက်ရမှာလို့ပြောတာ ….ဘာပဲပြောပြော အိမ်မှာ ကျွန်တော် တစ်ယောက်ရှိတော့ တခုခုဆိုကူလို့ရတာပေါ့လို့ပြောတာ ….အိမ်သားတစ်ယောက်အဝေးမှာရှိနေတာပဲ တစ်ယောက်စာပိုစိတ်အေးရတယ်တဲ့ …လွိုင်ကော်ရေ ….. ပြည်သူတိုင်း မိသားစုတိုင်းဘေးကင်း ပါစေကွာ …. 😔🙏🏽PrayForKayah..” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Credit




Credit