ပရိတ်သတ်ကြီးရေ..အဆိုတော်မီးနိုဟာဆိုရင် သီချင်းဆိုပြိုင်တွဲတစ်ခုတွင်ဝင်ရောက်ယှဉ်ပြိုင်ရင်း ဂီတလောကထဲကိုဝင်ရောက်လာသူတစ်ဦးပဲဖြစ်ပါတယ်နော်။အသံပါဝါအားကောင်းပြီး ပရိတ်သတ်ရင်ထဲထိုးဖောက်အောင်သီဆိုနိုင်တဲ့အတွက် မီးနိုဟာအောင်မြင်မှုတွေနဲ့ပရိတ်သတ်အားပေးမှုတွေကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်.။ပရိတ်သတ်တွေကလည်း မီးနိုကို အနှောင်အဖွဲ့ဆိုတဲ့ သီချင်းလေးမှာတင်အားလုံးသတိထားမိပြီး ယနေ့ထိပရိတ်သတ်တွေရဲ့အသည်းကျော်လေးဖြစ်နေတာပါပဲဖြစ်ပါတယ်။သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများတွင် ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာများ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မီးနိုရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်ပြည်နယ်မှ စစ်ဘေးရှောင် တိုင်းရင်းသားအစ်ကို မောင်နှမများအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ထိုနေရာများဟာ အမှန်တကယ် လိုအပ်နေကြတာဖြစ်လို့ ထပ်လှူဖို့ စီစဉ်နေတဲ့ အကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။

” ငါတို့မှာ ငါတို့ပဲရှိတယ်..💪💪(အလှူလေးထပ်ကောက်ခံချင်ပါတယ်)တစ်နေ့ကတော့ မီးနိုတို့ တောင်ဒဂုံဘက်ကိုသွားလှူ ဖြစ်ခဲ့ပါတယ်.. ကျဆုံးအိမ် ၂ အိမ်၊ ဒဏ်ရာရ ၂ အိမ်ကို အလှူငွေကိုယ်တိုင် သွားရောက်ပေးအပ်ခဲ့တယ်..အခြေခံစားသောက်ကုန်တွေကိုတော့ အိမ်ခြေ ၉၀ ကို လှူဖြစ်ခဲ့ပါတယ်..ခုချိန်ထိ မီးနိုကို ယုံကြည်ပြီး လှူပေးနေကြတဲ့ အလှုရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်..ကရင်စစ်ဘေးရှောင်ပြည်သူအတွက် ထပ်ပြီးလှူဖို့ရှိပါတယ်..အလှူငွေလေးတွေ ကူညီပေးကြပါအုန်း..အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမို့လို့ မီးနိုထပ်လှူဖို့စီစဉ်နေတာပါ..ပါဝင် လှူဒါန်းလိုသူများလည်းအနေနဲ့

K Pay-နံပါတ် 095090994 (Poe Eain Phyu) နဲ့Aya bank- 0114201010016977(Ko Zaw Thu Aung) တို့ကို ပေးပို့လှူဒါန်းလို့ရပါတယ်​ရှင်…​​ငွေလွှဲထားတဲ့ Screenshot ​လေး​တွေလည်း မီးနိုရဲ့ Messenger ကို ပို့​ပေးထားဖို့ မ​မေ့ပါနဲ့​နော်..အရေးတော်ပုံအောင်ရမည်..💪✊” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုတတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ဖြည့်ဆည်းပေးနေတဲ့ မီးနိုရဲ့ စိတ်ထားလေးကတော့ အားကျစရာပါပဲ။ ပရိသတ်ကြီးလည်း စစ်ဘေးရှောင်ပြည်သူတွေ အတွက် လှူဒါန်း ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Mee No’s Facebook Page
Credit…..