


Source : Pan Ei Phyu
Credit (Cele Gabar)

မြန်မာသံ တေးသီချင်းလေးတွေနဲ့ ပရိသတ်တွေ အားပေးမှု တခဲနက်ရရှိထားတဲ့ ပန်းအိဖြူကတော့ သူမချစ်သူနဲ့ ရွှေလက်တွဲပြီးနောက်မှာတော့ ချစ်စရာ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပါတယ် ။ သားဦးလေးဖြစ်တဲ့အတွက် ပန်းအိဖြူက သူမသားလေးကို တုန်နေအောင်ချစ်တာကို တော့ ပရိသတ်တွေ လည်းသိပြီးဖြစ်မှာပါ ။

အရင်ကဆို မင်္ဂလာဆောင် အခါတော်ပေးလိုက်၊ အလှူပွဲတွေ ပြေးဆိုလိုက်၊ မြန်မာနိုင်ငံအနှံ့အပြား ခရီးတွေ ထွက်လိုက်နဲ့… အလုပ်နဲ့ လက်နဲ့မပြတ်တဲ့သူက အခုလိုအချိန် အလုပ်အကိုင်မရှိ ဝင်ငွေမရှိဘဲ နေရတာ ကြာလာတော့ စိတ်ဓာတ်ကျလို့ ဈေးပဲထရောင်းရတော့မလား။သားလေး သာမရှိရင် ဒီမေမေ ရူးသွားမလားမသိဘူး ဆိုတဲ့စာသားလေးနဲ့အတူ ကိုဗစ်ကြောင့် အလုပ်တွေ ရပ်နားထားရလို့ စိတ်ဓာတ်ကျနေကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေး သားဖော်ပြခဲ့ပါတယ် ။

အခုတော့ သိပ်ချစ်ရတဲ့ သားလေးမျက်နှာလေးနဲ့ သားလေ းရဲ့အပြုံးလေးတွေနဲ့ သားလေးရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် ဖေဖေနဲ့မေမေက အင်အားတွေရှိနေတဲ့အတွက် သားလေးကိုအရမ်းချစ်တယ် လို့လည်းရေးသားထားပါသေးတယ် ။ ပန်းအိဖြူကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သူမတို့သားအမိရဲ့ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက် ပါတယ်နော် ။ယခုလိုဖတ်ကြားပေးကြတဲ့ ပရိတ်သတ်တွေ အားလုံး ပျော်ရွှင်သောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းလးတောင်း ပေးလိုက်ပါတယ်။

Source : Pan Ei Phyu
Credit (Cele Gabar)