



Source :Nay Dway
Credit– CeleKhitThit

ပရိသတ်ကြီးရေ မိန်းကလေး ပရိသတ်တွေရဲ့အသည်းကျော် ဂျစ်တူးလို့ ခေါ်ကြတဲ့ မင်းသားနေဒွေးကတော့ ယောကျာ်းပီးသတဲ့​ဘော်ဒီဘော်ဒီကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ ဗီဒီယိုဇာတ်ကားတွေခေတ်ထဲက ရေပန်းစားလူကြိုက်များခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင် နိုင်သူတစ်ဦးပါ။

ရရင်ရသလိုပရဟိတတွေကိုလုပ်ဆောင်နေတဲ့ ​မင်းသားနေဒွေးကတော့ ဒီနေ့မှာ ”2020 နှစ်ကုန်ခါနီးပြီ.. ဒီနှစ်ဘာတွေလုပ်ပြီးပြီလဲ ပြန်ဆန်းစစ်ကြည့်လိုက်တော့…မြေကွက်၂ကွက် ဝယ်နိုင်ခဲ့တယ် ..ကိုယ့်နာမည်နဲ့လုပ်ထားတဲ့လုပ်ငန်းကလည်း အရမ်းအဆင်ပြေတယ်။ တစ်လကို အနည်းဆုံး သိန်း ၅၀ မကဘူး ရခဲ့တယ်။အရောင် းဝယ်ကလည်း ထင်တာထက်အလုပ်ဖြစ်တယ်။စားချင်တာတွေလည်း အကြိမ်ကြိမ် ရှယ်စားဖြစ်ခဲ့တယ်။ဝယ်ထားတဲ့ မြေကွက်လေးကလည်း၅ဆလောက် မြတ်ခဲ့တာတွေ ရှိခဲ့တော့စီးနေတဲ့ကားစုတ်လေးကိုကောင်းတဲ့မြင့်တဲ့ အသစ်နဲ့ လဲနိုင်ခဲ့တယ်။

လက်ရှိလုပ်နေတဲ့လုပ်ငန်းကလဲပိုပြီးအဆင်ပြေလာတယ်။အလုပ်ကိုလည်းပိုမို ကောင်းမွန်အောင် လုပ်နိုင်ခဲ့တယ်။ဘဏ်မှာလည်း ငွေ သိန်း ၁၅ဝဝကျော်ထည့်နိုင်ခဲ့တယ် ။ခုဆို ပိုင်ဆိုင်သမျှတွေကမိသားစုနဲ့ အေးအေးဆေးဆေးနေလို့ ရပြီ ။ဒီနှစ်ထဲ စပ်တူရှယ်ယာ လုပ်ထားတာကလည်းပျမ်းမျှတစ်လ သိန်းဆယ်ကျော်မကရအုံးမှာဆိုတော့ အေးဆေးဖြစ်နေပါပြီ ။နှစ်သစ်မှာ သွားချင်တဲ့ ခရီးတွေ ထွက်မယ် …စားချင်တာတွေ စားမယ်… ဝယ်ချင်သမျှ အကုန်ဝယ်မယ်…အမှန်တော့ ဖြစ်ချင်ခဲ့တာ ပြောနေတာပါအထင်မကြီးနဲ့ စိတ်ကူးယဉ်တာ….

( လက်တွေ့လဲဖြစ် နိုင်တယ်နော် )။မိတ်ဆွ ကျတော့်အပေါ် သဘောထားလေးစီစစ်လို့ ရအောင်လို့ပါ…..တကယ်ကတော့ စာဖတ်ရင်း ဝမ်းသာ အားကျ နေရင်တော့ သင်ဟာ ကျတော့်အပေါ် မုဒိတာစိတ်ရှိလို့ပါ စာဖတ်ရင်း တစုံတစ်ရာစိတ် ဖြစ်နေရင်ေ တာ့သင်ဟာ ကျတော့်အပေါ် တစုံတစ်ရာမူမမှန်စိတ် ရှိလို့ပါ 🙄စာဖတ်ရင်း ရီချင်နေရင်တော့သင်ဟာ ကျတော့်အကြောင်းကောင်းကောင်းသိသူပါ 😃ဖတ်နေရင်း ကိုယ်တိုင်ထပ်တူပျော်နေရင်တော့ သင်ဟာ စိတ်ကောင် းရှိသူပါ….😊😊😊အသက်ရှည်ဆေးပါ…”ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို စနောက်အရွှန်းဖောက်ခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :Nay Dway
Credit– CeleKhitThit