ကိုဗစ်ကူးစက်ခံရတဲ့ သူတွေအတွက် ဘာတွေလုပ်ဆောင်ရမလဲ သူ့ကို မေးမြန်းနိုင်ပါတယ်ဆိုတဲ့ သရုပ်ဆောင် စိန်ဖြိုးလှိုင်(မောင်)

ပရိသတ်တွေရဲ့အချစ်တော် စိန်ဖြိုးလှိုင် (သရုပ်ဆောင် မောင်)ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေအတွက် တစ်ဖက်တစ်လမ်းကနေ သူလုပ်ဆောင်နိုင်တဲ့နည်းလေးနဲ့ကူညီသွားမယ့်အကြောင်းကို မျှဝေဖော်ပြလာခဲ့ပါတယ်။ မောင်ကတော့ ဆရာဝန် တစ်ယောက်လည်း ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ကိုဗစ် Second Wave တုန်းကလည်း ကိုယ်တိုင်ကူးသက်ခံခဲ့ ရပါသေးတယ်။

ကုသမှုကို စနစ်တကျနဲ့ ခံယူခဲ့ပြီး ပျောက်ကင်းသွားတဲ့ အချိန်မှာလည်း Volunteer တစ်ယောက်အနေနဲ့ ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို ပြန်လည်ကုသပေးခဲ့ဖူးတာကြောင့် ကိုဗစ်ကုသရေးနဲ့ပတ်သက်လို့ အတွေ့အကြုံတွေလည်း ရှိနေပြီးသားသူတစ်ယောက်ပါ။ အခုလို ကာလမှာ ကိုဗစ်ကူးစက်ခံရသူအရေအတွက်ဟာလည်း တစ်နေ့တခြားပိုမိုများပြားလာတာကြောင့် စင်တာတွေ ဆေးရုံတွေကိုလည်း အလွယ်တကူသွားမရဖြစ်နေတဲ့အတွက် ကိုဗစ်နဲ့ပတ်သက်ပြီး အိမ်မှာအရေးပေါ်လူနာရှိရင် သူရဲ့ Chat Box မှာ အချိန်မရွေးလာရောက်မေးမြန်းနိုင်ကြောင်းနဲ့ လုပ်ဆောင်ရမယ့်အချက်တွေကို တတ်နိုင်သလောက် ညွှန်ကြားပေးသွားမှာ ပဲဖြစ်ပါတယ်။

လာရောက်မေးမြန်းသူ မည်သူ့ကိုမဆို အကုန်လုံးကို ပြောပြပေးသွားမှာဖြစ်ပေမဲ့ တကယ်ရောဂါခံစားနေရပြီး အရေးကြီးတဲ့ လူနာတွေကို အချိန်ပေးချင်တဲ့အတွက်ကြောင့် ကာကွယ်ချင်ရုံမေးချင်တဲ့သူတွေကိုတော့ မေးမြန်းခြင်းသည်းခံပေးဖို့ကိုတော့ မေတ္တာရပ်ခံထားပါတယ်။ ပရိသတ်ကြီးရေ ပရိသတ်တွေ အတွက် တကယ်ကိုအထောက်အကူဖြစ်စေမှာမို့ ဒီသတင်းလေးကို မျှဝေဖော်ပြလိုက်ပါတယ်နော်။

CRD – CeleZone

ကိုဗစ္ကူးစက္ခံရတဲ့ သူေတြအတြက္ ဘာေတြလုပ္ေဆာင္ရမလဲ သူ႔ကို ေမးျမန္းႏိုင္ပါတယ္ဆိုတဲ့ သ႐ုပ္ေဆာင္ စိန္ျဖိဳးလိႈင္(ေမာင္)

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ စိန္ၿဖိဳးလႈိင္ (သ႐ုပ္ေဆာင္ ေမာင္)ကေတာ့ ဒီေန႔မွာ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ကိုဗစ္ကူးစက္ခံရတဲ့လူနာေတြအတြက္ တစ္ဖက္တစ္လမ္းကေန သူလုပ္ေဆာင္ႏိုင္တဲ့နည္းေလးနဲ႔ကူညီသြားမယ့္အေၾကာင္းကို မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။ ေမာင္ကေတာ့ ဆရာဝန္ တစ္ေယာက္လည္း ျဖစ္တဲ့အျပင္ ၿပီးခဲ့တဲ့ ကိုဗစ္ Second Wave တုန္းကလည္း ကိုယ္တိုင္ကူးသက္ခံခဲ့ ရပါေသးတယ္။

ကုသမႈကို စနစ္တက်နဲ႔ ခံယူခဲ့ၿပီး ေပ်ာက္ကင္းသြားတဲ့ အခ်ိန္မွာလည္း Volunteer တစ္ေယာက္အေနနဲ႔ ကိုဗစ္ကူးစက္ခံရတဲ့လူနာေတြကို ျပန္လည္ကုသေပးခဲ့ဖူးတာေၾကာင့္ ကိုဗစ္ကုသေရးနဲ႔ပတ္သက္လို႔ အေတြ႕အႀကဳံေတြလည္း ရွိေနၿပီးသားသူတစ္ေယာက္ပါ။ အခုလို ကာလမွာ ကိုဗစ္ကူးစက္ခံရသူအေရအတြက္ဟာလည္း တစ္ေန႔တျခားပိုမိုမ်ားျပားလာတာေၾကာင့္ စင္တာေတြ ေဆး႐ုံေတြကိုလည္း အလြယ္တကူသြားမရျဖစ္ေနတဲ့အတြက္ ကိုဗစ္နဲ႔ပတ္သက္ၿပီး အိမ္မွာအေရးေပၚလူနာရွိရင္ သူရဲ႕ Chat Box မွာ အခ်ိန္မေ႐ြးလာေရာက္ေမးျမန္းႏိုင္ေၾကာင္းနဲ႔ လုပ္ေဆာင္ရမယ့္အခ်က္ေတြကို တတ္ႏိုင္သေလာက္ ၫႊန္ၾကားေပးသြားမွာ ပဲျဖစ္ပါတယ္။

လာေရာက္ေမးျမန္းသူ မည္သူ႔ကိုမဆို အကုန္လုံးကို ေျပာျပေပးသြားမွာျဖစ္ေပမဲ့ တကယ္ေရာဂါခံစားေနရၿပီး အေရးႀကီးတဲ့ လူနာေတြကို အခ်ိန္ေပးခ်င္တဲ့အတြက္ေၾကာင့္ ကာကြယ္ခ်င္႐ုံေမးခ်င္တဲ့သူေတြကိုေတာ့ ေမးျမန္းျခင္းသည္းခံေပးဖို႔ကိုေတာ့ ေမတၱာရပ္ခံထားပါတယ္။ ပရိသတ္ႀကီးေရ ပရိသတ္ေတြ အတြက္ တကယ္ကိုအေထာက္အကူျဖစ္ေစမွာမို႔ ဒီသတင္းေလးကို မွ်ေဝေဖာ္ျပလိုက္ပါတယ္ေနာ္။

CRD – CeleZone