မြန်မာနိုင်ငံမှာ ခုဆိုရင် Covid -19 ရောဂါဟာ အရှိန်အဟုန်ပြင်းစွာ ကူးစက် ဖြစ်ပေါ်လျက်ရှိရာ သေဆုံးသူတွေလည်း များပြားနေတာတွေ့ရပါတယ် ။ အဓိက ဖြစ်နေရတဲ့ ပြဿနာကတော့ အောက်ဆီဂျင်အိုး မလုံလောက်နေတာတွေဖြစ်ပါတယ် ။ လူမှုကွန်ရက် စာမျက်နှာထက်မှာဆိုရင်လည်း အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ နေ့ရော ညရော မနည်းပါဘူး။

ဒါ့ကြောင့် ခုဆိုရင် ပရဟိတ အသင်းတွေ အလှူရှင်တွေ စုပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းနေကြတာ တွေ့ရပါတယ် ။ အောက်ဆီဂျင်ဖြည့်ဖို့တောင် လူများလွန်းလို့ တန်းစီ စောင့်ကြရပါတယ် ။ မြို့ကြီး ပြကြီးတွေမှာတောင် ဒီလောက်အခြေအနေဆိုးနေတာ နယ်မြို့တွေမှာဆိုရင် ပိုတောင် ဆိုးရွားနေတာကိုလည်း တွေ့ရပါတယ် ။

ဒါပေမယ့် ပြည်သူတွေ အားလုံးကတော့ အတူတူ တတ်နိုင်သလောက် ကူညီဖြေရှင်းနေကြပါတယ် ။ မကြာခင် အချိန်ပိုင်းလောက်ကဆိုရင်လည်း နန္ဒာလှိုင်က သူရဲ့ အကောင့်လေးကနေပြီး Medical Oxygen Plant အသေးတစ်ခု လှူပေးချင်ကြောင်း ခုလိုရေးသားဖော်ပြလာပါတယ် ။ ” Medical Oxygen Plant အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ ဘယ်သူ့ဆီမှာ စက်က အဆင်သင့် ရောင်းဖို့ရှိပါသလဲ။ ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။ တပတ်အတွင်းလောက်လိုချင်ပါတယ်။ ” ဆိုတဲ့ စာလေးပဲ ဖြစ်ရာ ပရိသတ်ကြီးလည်း သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေး လိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nandar Hlaing




Yuan – Cele Zone

Photo – Nandar Hlaing