Mrtv4ရဲ့မင်းသားတစ်လက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားလို့ နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးနေရတာဖြစ်ပါတယ်။စိုပြေမြင့်က ဇာတ်လမ်းတွဲတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်လို့ ပရိသတ်တွေက သူ့ရဲ့အနုပညာကို တစ်ခဲနက်အားပေးနေကြတာဖြစ်ပါ တယ်နော်။

သရုပ်ဆောင်ကောင်းပြီး ပျော်ပျော်နေတတ်တဲ့ စိုပြေက အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကိုလည်း အပျော်ရိုက်ကူးလေ့ရှိပါတယ်။ အလုပ်တွေလည်း ကြိုးစား လုပ်ကိုင်သလို မိဘကိုလည်း ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်နေတဲ့ သားအလိမ္မာလေး တစ်ယောက်ဖြစ်လို့ ပရိသတ်တွေက လေးစား ချစ်ခင်နေကြ တာပါ ။

မကြာခင်ရက်ပိုင်းကတော့ စိုပြေမြင့်ရဲ့ မိဘနှစ်ပါးလုံး ကိုဗစ်ရောဂါ ကူးစက်ခံရတာကြောင့် ဆေးရုံတက်ရောက်ကာ ဆေးကုသနေခဲ့ပါတယ် ။ မိဘတွေ နေမကောင်းနေချိန်မှာ သူကိုယ်တိုင်ကလည်း အဝေးမှာရောက်နေတာကြောင့် မပြုစုပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာပါ ။ ဒီနေ့မှာတော့ မိဘနှစ်ပါးလုံး လန်းလန်းဆန်းဆန်းနဲ့ နေပြန်လည်ကောင်းလာပြီဖြစ်တဲ့ သတင်းကောင်းလေးကို သူရဲ့ မိုင်ဒေးလေးမှာ ဝေမျှလာတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါ တယ် ။

Credit – Cele Zone

Photo – So Pyay Myint




Credit – Cele Zone

Photo – So Pyay Myint