မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင် းကတော့ ချစ်သူရှိပေမယ့်လည်း အပျိုကြီးမမ တစ်ယောက်အဖြစ် ယနေ့တိုင်ရပ်တည်နေဆဲပါ ။ လွန်ခဲ့တဲ့နှစ်အတွင်းမှာမှ အနုပညာလော ကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ တကျော့ပြန် အားပေးမှုကို တခဲနက်ရရှိခဲ့သူပါ ။

လှပတဲ့ခန္ဓာကိုယ်လေးနဲ့ မြန်မာဆန်တဲ့ အလှတွေကြောင့် ပုရိသ ပရိသတ်တွေရဲ့ စံပြ မင်းသမီးလေးတစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာပါ ။ မအေးသောင်းက သူမရဲ့ လူမှု့ကွန်ရက်စ ာမျက်နှာကနေတဆင့် ကဗျာတွေ စာတွေ ရေးသားလေ့ရှိပြီး လတ်တလောမှာတော့ ကိုဗစ်ရောဂါကို ယောက်ျားတစ်ယောက်နဲ့တူတယ်လို့ဆိုလာပါတယ် ။

ကိုဗစ်က ယောကျာ်းပဲဖြစ်ရမယ် မာယာသိပ်များတယ် ဆိုတဲ့စာသားလေးကို ရေးသားဖော်ပြခဲ့တ ာပဲဖြစ်ပါတယ် ။ မာယာတစ်သိန်း အပလိန်း ပါတဲ့ရှင့် မိန်းမမာယာ သဲကိုးဖြာပဲရှိတာ ယောကျာ်းမာယာက သိန်းချီတယ်လို့လည်း အရွှန်းဖောက်ရေးသား ထားတာတွေ့ရပါတယ် ။ အမျိုးသားပရိသတ်တွေရော မအေးသောင်းရဲ့ အဆိုကို လက်ခံရဲ့လား မှတ်ချက်ပေးခဲ့ပါဦး ။

Source : Aye Thaung
Credit ; (Yaung Chi )




Source : Aye Thaung
Credit ; (Yaung Chi )