




ပရိသတ်ကြီးရေ အဆိုတော် မင်းသမီး ဝိုင်းစုခိုင်သိန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်..။ ဝိုင်းစုခိုင်သိန်းကတော့ အဆိုရော သရုပ်ဆောင်ပိုင်းမှာပါ တော်ပြီး အရည်အချင်းရှိ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။ ဝိုင်းစုခိုင်သိန်းကတော့ အဆိုတော် အောင်လ နဲ့ ချစ်သူတွေ ဖြစ်ပြီး မိသားစုတွေနဲ့အတူတူ တစ်အိမ်ထဲ နေကြသူတွေပဲ ဖြစ် ပါတယ်.။

ကိုဗစ်ရောဂါကို အောင်လ က ခံစားနေရကြောင်းကို သူမရဲလူမှုကွန်ရက်ပေါ်မှာ အကူအညီတောင်း ပို့စ်ကြောင့် သိခဲ့ရတာပါ..။သြဂုတ်လ (၇)ရက် နေ့မှာတော့ သူပါ ကိုဗစ် ဖြစ်နေကြောင်းကို တင်လာခဲ့ပါတယ်..။ ဒီကနေ့ သြဂုတ်လ (၈)ရက်နေ့မှာတော့ ဝိုင်းစုက သူမအတွက် ပို့ပေးလာတဲ့ စားစရာတွေကြောင့် အံ့သြဝမ်းသာကြောင်းကို ”ဘယ်သူတွေ ပို့ပေးလိုက်မှန်းမသိပေမဲ့ ချစ်လို့ပို့ပေးလိုက်တာမို့လို့ ဒီနေ့ အနံ့အရသာပျောက်သွားလည်းအားရှိအောင် စားပါ့မယ်။

ဝိုင်းစုကို ချစ်ပေး ဂရုစိုက်ပေးကြတဲ့ ချစ်တဲ့သူတွေအားလုံးကြောင့် အားတွေရှိနေပါပြီ။ငဗစ်ကိုလည်းနိုင်အောင်တိုက်ပါ့မယ်လို့❤️🥰💪”ဆိုပြီးသူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ပရိသတ်ကြီးလည်း ကိုဗစ်ပိုးကို တိုက်ထုတ်ဖို့ကြိုးစားနေသူ ဝိုင်းစုခိုင်သိန်းအတွက် အားပေးစကား ပြောခဲ့ပေးပါ ဦးနော်..။

Source : Wine Su’s Facebook

Credit ;Cele Active World