


Credit– Cele Zone
Photo – Baby Maung

မင်းသမီးချောလေး ဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် ချစ်စရာကောင်းသူလေးဖြစ်ပြီး စကားပြောလည်း ပွင့်လင်းသူလေး တစ်ယောက်ပါ ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့အတူ ပျော်ရွှင်စရာအချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက အားကျချစ်ခင်နေရတာလည်းဖြစ် ပါတယ် ။

ဘေဘီမောင်က အလုပ်တွေကြိုးစား လုပ်ကိုင်သလို မိဘကိုလည်း လုပ်ကျွေးပြုစုပေးနေတဲ့ သမီး အလိမ္မာလေး တစ်ယောက်ပါ ။ ဒါ့အပြင် ဘုရားတရားနဲ့ အလှူအတန်းဆိုရင်လည်း ရှေ့ဆုံးက ပါဝင်တတ်လို့ ပရိသတ်တွေက လေးစားနေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ် ။

ဘေဘီက မကြာခင် ရက်ပိုင်းတွေက ကိုဗစ်ရောဂါကူးစက်ခံရပြီး နေမကောင်းဖြစ်ခဲ့တယ်လို့လည်း သိရပါတယ် ။ အခုတော့ ပြန်လည်ကောင်းမွန်လာလို့ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပုံတွေကို Live လေးလွှင့်ကာ ပရိသတ်တွေကို ဗဟုသုတ အနေနဲ့ ဖော်ပြလာပါတယ် ။ ပရိသတ်ကြီးအတွက် ဘေဘီရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါ တယ် ။

Credit– Cele Zone
Photo – Baby Maung