ပရိတ္သတ္ႀကီးေရ….သ႐ုပ္ေဆာင္ ေမမီကိုကိုကေတာ့ ကိုဗစ္ ပထမလွိုင္းနဲ႔ ဒုတိယလွိုင္းကို က်န္းမာစြာျဖင့္ ေက်ာ္ျဖတ္နိုင္ခဲ့ေပမယ့္လည္း တတိယလွိုင္းအေရာက္မွာေတာ့ ေရာဂါကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။ကူးစက္ခံခဲ့ရတဲ့ ကာလအတြင္းမွာလည္း အသက္ဆုံးရႈံးရမွာေၾကာက္တဲ့ စိတ္တစ္ခုတည္းနဲ႔ အစားကို ဝင္ေအာင္စားခဲ့ရေၾကာင္း အေတြ႕အၾကဳံေတြကို ေဝမၽွထား ပါတယ္။

အခုခ်ိန္မွာ ျပန္လည္သက္သာလာၿပီျဖစ္ေပမယ့္ ကိုဗစ္ေရာဂါပိုးရဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ခံစားေနရေၾကာင္း မၾကာေသးခင္ နာရီပိုင္းေလာက္က ေမမီကိုကိုရဲ့ လူမႈကြန္ယက္တြင္ ေရးသားေဝမၽွထားတာ ျဖစ္ပါတယ္။မေန႔က အခ်ဥ္ဓာတ္ေတာင္းတေနတဲ့အတြက္ အခ်ဥ္ထုတ္ေတြ အမ်ားႀကီး စားမိၿပီးသြားေၾကာင္း ေရးသားထား တာ ျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ဟင္းခ်က္ရင္းနဲ႔႐ုတ္တရက္ မူးၿပီး လဲက်သြားတာေၾကာင့္ COVID ေရာဂါရဲ့ ေနာက္ဆက္တြဲခံစားရတာျဖစ္မယ္လို႔ သံသယရွိေနတာ ျဖစ္ပါတယ္။ဒါ့ေၾကာင့္ ေရာဂါကူးစက္ခံရၿပီး ေပ်ာက္ကင္းသြားၾကသူမ်ားအားလုံး ဂ႐ုစိုက္ၾကဖို႔ ေမမီကိုကိုမွ စိုးရိမ္စိတ္ျဖင့္ သတိေပးထားတာ ျဖစ္ပါတယ္။ကိုဗစ္ေရာဂါ ကူးစက္ခံရၿပီး ေပ်ာက္ကင္းသြားေပမယ့္လည္း ပင္ပန္းေစမယ့္ အလုပ္ေတြကို မလုပ္ေသးဘဲ အခ်ိန္အေတာ္ၾကာ အနားယူ သင့္ေၾကာင္း

ဆရာဝန္မ်ားမွ လူမႈကြန္ယက္မ်ားတြင္ ေရးသားေဝမၽွေပးထားၾကတာ ျဖစ္ပါတယ္။ ေရာဂါကူးစက္ခံရသူမ်ားဟာ အဆုတ္ကို ထိခိုက္သြားတာ ျဖစ္တဲ့အတြက္အေမာမခံနိုင္ေသးတာေၾကာင့္လႈပ္လႈပ္ရွားရွား မေနသင့္ေသးပါဘူး။ ေရာဂါေပ်ာက္ကင္းသြားသူမ်ားအေနနဲ႔ ဆရာဝန္မ်ားရဲ့ ေျပာၾကားခ်က္မ်ား ကိုေသခ်ာနားေထာင္ၿပီး ဂ႐ုတစိုက္နဲ႔ ေနထိုင္သင့္ေၾကာင္း ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-May Mi Ko Ko’s Facebook Account

Credit

ပရိတ်သတ်ကြီးရေ….သရုပ်ဆောင် မေမီကိုကိုကတော့ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ကျန်းမာစွာဖြင့် ကျော်ဖြတ်နိုင်ခဲ့ပေမယ့်လည်း တတိယလှိုင်းအရောက်မှာတော့ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ကူးစက်ခံခဲ့ရတဲ့ ကာလအတွင်းမှာလည်း အသက်ဆုံးရှုံးရမှာကြောက်တဲ့ စိတ်တစ်ခုတည်းနဲ့ အစားကို ဝင်အောင်စားခဲ့ရကြောင်း အတွေ့ အကြုံတွေကို ဝေမျှထားပါတယ်။

အခုချိန်မှာ ပြန်လည်သက်သာလာပြီဖြစ်ပေမယ့် ကိုဗစ်ရောဂါပိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေရကြောင်း မကြာသေးခင် နာရီပိုင်းလောက်က မေမီကိုကိုရဲ့ လူမှုကွန်ယက်တွင် ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။မနေ့က အချဉ်ဓာတ်တောင်းတနေတဲ့အတွက် အချဉ်ထုတ်တွေ အများကြီး စားမိပြီ းသွားကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ဟင်းချက်ရင်းနဲ့ရုတ်တရက် မူးပြီး လဲကျသွားတာကြောင့် COVID ရောဂါရဲ့ နောက်ဆက်တွဲခံစားရတာဖြစ်မယ်လို့ သံသယရှိနေတာ ဖြစ်ပါတယ်။ဒါ့ကြောင့် ရောဂါကူးစက်ခံရပြီး ပျောက်ကင်းသွားကြသူများအားလုံး ဂရုစိုက်ကြဖို့ မေမီကိုကိုမှ စိုးရိမ်စိတ်ဖြင့် သတိပေးထားတာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ပျောက်ကင်းသွားပေမယ့်လည်း ပင်ပန်းစေမယ့် အလုပ်တွေကို မလုပ်သေးဘဲ အချိန်အတော်ကြာ အနား ယူသင့်ကြောင်း

ဆရာဝန်များမှ လူမှုကွန်ယက်များတွင် ရေးသားဝေမျှပေးထားကြတာ ဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူများဟာ အဆုတ်ကို ထိခိုက်သွားတာ ဖြစ်တဲ့အတွက်အမောမခံနိုင်သေးတာကြောင့်လှုပ်လှုပ်ရှားရှား မနေသင့်သေးပါဘူး။ ရောဂါပျောက်ကင်းသွားသူများအနေနဲ့ ဆရာဝန်များရဲ့ ပြောကြားချက်များကိုသေချာနားထောင်ပြီး ဂရုတစိုက်နဲ့ နေထိုင်သင့်ကြောင်း ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါ တယ်။

Source and Photo Crd-May Mi Ko Ko’s Facebook Account

Credit