



နိုင်ငံကျော် အကယ်ဒမီ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ လက်ရှိမှာ သူမရဲ့ စိတ်အထိခိုက်ရဆုံး အချိန်တွေကို ကျော်ဖြတ်နေရတာပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေချိန်မှာ သူမရဲ့ မိခင်ကြီးမှာလည်း ကိုဗစ်ရောဂါပိုးကူးစက်ခံနေရတာကြောင့် စိတ်သောကအကြီးအကျယ် ရရှိနေရတာပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကတော့ ကိုဗစ်ဒဏ်ကို အသက်လုပြီးခံစားနေရတဲ့ မိခင်ကို အနီးကပ်စောင့်ရှောက်နေရတာကြောင့် ပြည်သူတွေအတွက် တာဝန်မကျေသလို ခံစားနေရကြောင်း အခုလိုပဲ ရင်ဖွင့်ပြောဆိုလာပါတယ်။

ခင်ဇာခြည်ကျော်က “အခုလိုအချိန်မှာ ကျွန်မအရမ်းစိတ်ထိခိုက်ရပါတယ်… ICU အခန်းထဲမှာ ကိုဗစ် ဒဏ် ကို အသက်လုပြီး ခံစားနေရတဲ့ ကျွန်မ ရဲ့မိခင် အတွက်လည်း ဘုရားမှာ ဆုတောင်း နေရသလို ပြည်သူတွေနဲ့ အတူ လမ်းပေါ် ထွက်မပေးနိုင်တဲ့ အတွက်လည်း စိတ်မကောင်းပါဘူးရှင်။ ပြည်သူ့ ဆန္ဒ တွေ အမြန် ပြည့်ဝပြီး ကျွန်မ ရဲ့ ကျေးဇူးရှင် မွေးသမိခင်လည်း အမြန်ဆုံး ပြန်လည်ကျန်းမာပါစေလို့ ဘုရားမှာ နေ့စဉ် ဆုတောင်းနေပါတယ် 🙏🙏🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

ခင်ဇာခြည်ကျော်ကတော့ ကိုဗစ်ဒဏ်ကို အသက်လုပြီးခံစားနေရတဲ့ မိခင်အတွက် ဆုတောင်းနေရသလို ပြည်သူတွေနဲ့အတူ လမ်းပေါ်မထွက်ပေးနိုင်တဲ့အတွက် စိတ်ထိခိုက်ရတယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Khin Zar Chi Kyaw’s fb
Credit – Cele Connections