မင်းသားချောလေးစိုပြေမြင့်ကတော့ MRTV 4ဇာတ်လမ်းတွဲတွေမှာ ပါဝက်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ လည်းအနုပညာအလုပ်တွေ လုပ်ဆောင်လျက်ရှိတဲ့သူတစ်ယောက်ပါ ။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ စိုပြေမြင့်ကို ပရိသတ်တွေကချစ်ခင်အားပေးခဲ့ကြပါတယ် ။

ခေးဆက်သွင် ၊ ဘုန်းဆက်သွင်တို့နဲ့အတူ မကြာခဏ Tik Tok လေးတွေရိုက်ကူးလေ့ရှိပြီး သူတို့သူငယ်ချင်းသုံးယောက်ရဲ့ Tik Tok လေးတွေကို ပရိသတ်တွေက အထူးသဘောကျခဲ့ကြပါတယ် ။ လတ်တလောမှာလည်း ကိုဗစ်ကြီးနဲ့ အပြင်မထွက်ရလည်း အိမ်မှာ Fashion တွေနဲ့ မလန်းရဘူးလို့ ဘယ်သူပြောလဲ ဆိုတဲ့ စာသားလေးနဲ့အတူ အလန်းစား Tik Tok Video လေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ စိုပြေမြင့်ရဲ့ Tik Tok လေးကို အရမ်းကိုသဘောကျနေကြပြီး နောက်ထပ်ဒီလို ပုံစံလေးတွေ ထပ်ရိုက်ပေးဖို့ တောင်းဆိုထားကြတာလည်းတွေ့ရပါတယ် ။ စိုပြေမြင့်ကိုချစ်တဲ့ ပရီသတ်တွေအတွက် အမိုက်စား ဖက်ရှင်တွေနဲ့ Tik tok လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : So Pyay Myint
Credit ; (Yaung Chi)




Source : So Pyay Myint
Credit ; (Yaung Chi)