ပရိသတ်ကြီးရေ.. အနုပညာလောက မှာ ဇာတ်ကားတွေ ရိုက်ကူးထားပြီး ပရိသတ်အားပေးချစ်ခင်မှုတွေ အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာ ရရှိထားကြတဲ့ နာမည်ကျော် အနုကညာရှင်တွေထဲမှာ သရုပ်ဆောင်ယမင်းကိုကိုကလည်း အပါအဝင်ပါပဲ..။အနုပညာအလုပ်တွေရပ်နည်းထားပေမယ့် ပရိသတ် အားပေးမှုတွေကို ယနေ့အချိန်ထိ ပိုင်ဆိုင်ထားတဲ့ ယမင်းကိုကိုကတော့ လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည် တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေသူလည်း ဖြစ်ပါတယ်..။

သရုပ်ဆောင်ယမင်းကိုကိုကတော့ လက်ရှိ အခြေအနေတွေမှာ ကျန်းမာရေးအရ ကိုဗစ်တတိယလှိုင်းတွေ စနေပြီမို့ ပြည်သူပရိသတ်တွေကို Mask တပ်ကြဖို့ကိုလည်း တိုက်တွန်းပြောပြလာပါတယ်..။လူတိုင်း ကျန်းမာရေးဂရုစိုက်ကာ ဘယ်သူ့ ကိုမှအားမနာဘဲ အပြင်သွားတိုင်း မဖြစ်မနေ Mask တပ်ကြဖို့ကို ယမင်းကိုကိုက သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

“🙏🙏🙏Mask တပ်ပါ တတိယလှိုင်း စနေပြီ။ မည်သူ့မှ အားမနာ ပါနဲ့ သူများဆီသွားလည်း ကိုယ်တိုင် တပ်ပါ။ ကိုယ့်ဆီလာလည်း တပ်ခိုင်းပါ။မိမိကြောင့် တတိယလှိုင်း အင်အားမကြီးပါစေနဲ့..” ဆိုပြီး ယမင်းကိုကိုက ပြောပြထားတာပါ..။သူမရဲ့ပို့စ်အောက်မှာတော့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအားလုံးကလည်း ကျန်းမာရေးအပြင် အစစအရာရာဂရုစိုက်ကြဖို့ Comment တွေမှာ မှတ်ချက်ပေးရေးသားထားကြတာ တွေ့ရပါတယ်..။

Photo Credit – Ya Min Ko Ko’s Fb Acc
Credit…..