


Credit – Cele Zone
Photo – Baby Maung

မိဘကိုလည်းသိတတ်သလို ဘုရားတရားလည်းကိုင်းရှိုင်းတဲ့ဘေဘီဟာ သူမရဲ့စေတနာတွေ အမြဲတမ်းအကျိုးပေးခဲ့ပါတယ်။ မိဘတွေကိုအိမ်ကြီးအိမ်ကောင်းနဲ့ထားချင်တာကြောင့် အမျိုးမျိုးကြိုးစားရုန်းကန်ခဲ့ပြီးနောက် လက်ရှိအနေအထားကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မိသားစုအပေါ်သိတတ်ပြီး မောင်နှမတွေအပေါ်မှာလည်း အမကြီးအမိရာစိတ်ရှိသူပါ။

ချစ်ရတဲ့သားဂန်းအပေါ်မှာလည်း နားလည်မှုအပြည့်နဲ့ လက်တွဲနေခဲ့တာကြောင့် သားဂန်းကလည်း ဒီလိုတန်ဖိုးရှိတဲ့ချစ်သူလေးကို မျက်စိအောက်ကပျောက်မခံနိုင်အောင် အချစ်ပိုနေခဲ့ပါတယ်။ မိဘအပေါ်မှာသိတတ်ပြီး စိတ်စေတနာကောင်းသူမို့ သူမအပေါ်မှာ မေတ္တာစစ်နဲ့ချစ်ခင်တဲ့ ချစ်သူကောင်းနဲ့ဆုံတွေ့ခဲ့ရတာပါ။

ဒီနေ့မှာလည်း သူမရဲ့ချွေးနှဲစာနဲ့ဝယ်ထားတဲ့ ပတ္တမြားလည်ဆွဲကြီးကို ” ကြိုဆိုပါတယ် ပတ္တမြားလေးရေ ” ဆိုပြီး သူမရဲ့ Facebook Myday မှာတင်ထားတာပဲဖြစ်ပါတယ်။ အလုပ်တွေအရမ်းကြိုးစားတဲ့ဘေဘီဟာ ကိုယ်တိုင်လည်းလှအောင်နေသလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံးဖြစ်အောင်အမြဲကြိုးစားနေသူတစ်ယောက်ပါ။

Credit – Cele Zone
Photo – Baby Maung