အဆိုတော်လဲဖြစ် သရုပ်ဆောင်မင်းသမီးလဲဖြစ်တဲ့ ဆရာဝန်မလေး ချစ်သုဝေက အိမ်ထောင်ကျသွားပြီးနောက်ပိုင်း သီချင်းတွေနဲ့ အလှမ်းဝေးနေခဲ့ တာပဲ ဖြစ်ပါတယ်။ အမွှာသမီးလေး ပိုင်ဆိုင်ထားတာကြောင့် ပရဟိတလုပ်ငန်းတွေ ဇာတ်ကားရိုက်ကူးရေးတွေ ကလေးနှစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကြားမှာ နေ့တဒူဝ လုံးပန်းနေရတာကြောင့် သူမရဲ့ အဆိုတော်ဘဝနဲ့ သီချင်းတွေကိုလက်လွှတ်ခဲ့ရတာ အတော်ကြာနေခဲ့တယ်လို့ဆိုရမှာပါ။

ဒီရက်ပိုင်းထဲ “အဖြေ” ဆိုတဲ့သီချင်းတစ်ပုဒ်ကို JOOX ကနေ မထင်မှတ်ပဲ ထုတ်လွှင့်လိုက်ပါတယ်။ သီချင်းတွေနဲ့ အလှမ်းဝေးနေတာကြောင့် ပရိသတ်အားပေးမှု နည်းနေလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူမထင်သလိုမဟုတ်ပဲ သူမရဲ့ပရိသတ်တွေက သူမရဲ့အနုပညာသစ်တွေမျှော်နေကြောင်း သူမကိုယ်တိုင်ရေးသားဖန်တီးထားတဲ့ “အဖြေ” ဆိုတဲ့ သီချင်းလေးကို အားပေးကြမ်းခဲ့ကြတာပါ။

ချစ်သုဝေကိုယ်တိုင်လဲ အံ့အားသင့်ခဲ့ရသလို အားပေးကြမ်းတဲ့ပရိသတ်တွေကိုလဲ ဒီနှစ်ထဲကစပြီး သီချင်းအသစ်တွေအများကြီး ဖန်တီးသွားမယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ”သီချင်းမရေးဖြစ်တာနှစ်တွေအတော်ကြာပြီGuitarတီးတဲ့ အချိန်လေးတွေဟာ ကားတွေရိုက်ရင်း ပြီးတော့ ကလေးတွေထိန်းရင်း မေ့နေခဲ့တာကြာခဲ့ပါပြီဒီနေ့ Trezaရေးတဲ့ ‘အဖြေ ‘ သီချင်းလေး JOOXမှာထွက်တယ်။Pianoတီးတတ်ကာစ ကိုယ့်ရဲ့သီချင်းလေးပေါ့.ဒီမနက် ရိုက်ကွင်းရှိတယ်..ရိုက်ကွင်းကို GGလေးတွေပို့တဲ့ cakeလေးရယ် ပန်းစည်းလေးရယ် ရောက်လာခဲ့တယ်…ရင်ထဲ အတော်ပျော်သလို..သြော် ငါ့ကိုချစ်တဲ့ပရိသတ်တွေက ငါ့ ဖန်တီးမှုလေးတွေအမြတ်တနိုး မျှော်ကြပါလား လို့တွေးပြီး မျက်ရည်လည်မိတယ်။

GGလေးတွေရေ မင်းတို့မမ သီချင်းတွေအများကြီး ဒီနှစ်လုပ်မယ်နော် ❤❤❤❤❤အနုပညာအလုပ်တွေ ခပ်ကျဲကျဲလုပ်လည်း အချစ်မလျော့ကြပါသော GG ပလုတုတို့ရေ… သမီးလေးတွေကို ဂရုစိုက်သလို ည ည်းတို့ လေးတွေကိုလည်းဂရုစိုက်ပါ့မယ်လို့❤❤❤❤❤” ဆိုတဲ့ စာသားလေးနဲ့ အတူ ကတိပေးလာပါတယ်။စိတ်ထားကောင်းပြီး သာယာတဲ့ မိသားစုဘဝလေးပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကို ချစ်တဲ့ ပရိသတ်ကြီးလဲ သူမရဲ့ သီချင်းသစ်လေးကို အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :ChitThuWai
Crd :…