ပရိတ်သတ်ကြီးရေ…လတ်တလောမတည်ငြိမ်နေတဲ့အခက်အခဲအခြေအနေတွေကြားထဲကနေ မြန်မာနိုင်ငံကိုယ်စားပြု Miss Universeတစ်ယောက်အနေနဲ့ Miamiမှာ သွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။သူဇာဝင့်လွင်ဟာ Miss Universeပြိုင်ပွဲကြီးကို မြန်မာ့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လေဆိပ်မှာတင် Luggageပျောက်ဆုံးသွားတဲ့အတွက် အခက်အခဲများစွာနဲ့ တွေ့ကြုံခဲ့ရ တာဖြစ်ပါ တယ်။

အခက်အခဲများစွာနဲ့ယှဉ်ပြိုင်ခဲ့ရပေမယ့် သူဇာဝင့်လွင်ဟာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာ့အရေးနဲ့ပက်သက်ပြီးတော့လည်း စင်မြင့်ထက်မှာ တောင်းဆိုခဲ့တဲ့သူပါ။ သူဇာဝင့်လွင်ဟာ ပြိုင်ပွဲမှာဝတ်ဆင်ခွင့်မရလိုက်တဲ့ သူမပြင်ဆင်ထားတဲ့ ဝတ်စုံလေးနဲ့ပုံရိပ်တွေကို Facebookစာမျက်နှာမှာ တင်ပေးလာပြီး “ဒီ Evening Gown အနီလေးက ပြိုင်ပွဲ မှာဝတ်ဖို့အတွက်ရည်ရွယ်ပြီး သူဇာ့ကိုယ်တိုင်းနဲ့အသေးစိတ်ချုပ်ပေးထားတဲ့ဝတ်စုံလေးမို့ သူဇာလဲနှမြောနေသလို ပရိတ်သတ်တွေ လဲနှမြောနေမှာကို နားလည်ပါ တယ်…..။

“ဒါပေမယ့် သူဇာ့ ရဲ့ Luggage ပြန်မရတော့တဲ့အခြေအနေမှာ Miss Universe Organization ကဝတ်စုံစီစဉ်ပေးခဲ့တာကိုက အရမ်းကျေးဇူးတင်စရာကောင်းနေပါပြီ အကောင်းဆုံးဖြစ်အောင်လဲကြိုးစားယှဉ်ပြိုင်နေပါတယ်,စိတ်ပူပြီး အားပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ❤️ …..” ဆိုပြီးရေးသားတင်ပေးလာခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိ ပါတ ယယ်။

Photo crd – Aung Kyaw Tun

Source: Thuzar Wint Lwin’s Facebook page

Credit




Photo crd – Aung Kyaw Tun


Credit