နှိုင်းယှဉ်မြင့်မိုရ်ကတော့ လူတိုင်းအဆင်မပြေတဲ့ကိုဗစ်ကာလမှာ အကြွေးတွေလည်း ကြေအောင်ဆပ်နိုင်ပြီး တန်ဖိုးကြီးအိမ်ကြီးတစ်အိမ်ကို ဝယ်လိုက်နိုင်တဲ့ အရမ်းတော်တဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ပါတယ်..နှိုင်းယှဉ်ကတော့ သူမမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပက်သက်လို့ ငွေရေးကြေးရေး ၊ အိမ်ထောင်ရေးအကြောင်းတွေကို ခုလိုပဲ ပြောပြလာပါတယ်…
၂၀၂၀မှာတော့ ဘာသာရေးအပြောင်းအလဲ ငွေရေးကြေးရေးအပြောင်းအလဲ စိတ်ဓာတ်အပြောင်းအလဲတွေနှင့်ကြုံခဲ့ရတယ်။ အဆင်မပြေတဲ့ဘဝကနေ ခုလိုအဆင်ပြေလာတော့ ၂ယောက်လုံး အောက်ခြေမလွတ်ရဘူးး မာန်မာနမထားရဘူး ဘဝမမေ့ရဘူး ဘဝင်မမြင့်ရဘူးဆိုတဲ့သတိလေးကပ်ထားတယ်။ အစ်မတို့ ၂ယောက်ကမွေးကတည်းက ရိုးရိုးသားသားနှင့် လူကိုလူလိုဆက်ဆံတဲ့စိတ်ရှိတယ်။ ဒီလူပေါ်ခင်လို့မရဘူးဆိုရင် လုံးဝမျက်နှာလွှဲ လိုက်တယ် ဒါပေမယ့် အဲ့လူအပေါ်မယုတ်မာဘူး။ လူတွေအပေါ်ကိုလည်းမျက်နှာ ဖုံးနဲ့မဆက်ဆံတတ်တော့ ဒီလောကမှာ အစ်မတို့၂ယောက်ကသီးသန့်ကြီးလိုဖြစ်နေတယ်။

အစ်မကမှန်တယ်ထင်ရင် ကိုယ်လုပ်တာကို ဘယ်သူမှတားလို့မရဘူး။ လူတွေကိုရိုးသားမှုနဲ့ပဲ ဆက်ဆံတဲ့အတွက် ရုပ်ရှင်လောကနဲ့မသက်ဆိုင်တဲ့ ဒီစီးပွားရေးလောကမှာလည်း အစ်မတို့ရဲ့ ရိုးသားကြိုးစားမှု ဘုရားတရားလုပ်မှုတွေကြောင့် အဆင်ပြေလာတယ်လို့ ဆိုပါတယ်။COVIDကာလမှာ ဘုရားတရားမလုပ်တဲ့လူက ပိုပြီးဘုရားတရားလုပ် လာတယ်။အိမ်မှာဆိုလည်း ပဋ္ဌာန်းသံတွေ ရတနာသုတ်သဲံတွေနဲ့ဖြစ်လာတယ်။ အိမ်မကပ်တဲ့ေ ယာက်ျားဆိုလည်း

ခုလိုအပြင်မထွက်ရတော့ မိန်းမနဲ့မိသားစုနဲ့ချစ်ချစ်ခင်ခင် နေနိုင်တယ်။လူတွေကလည်းကျန်းမာရေးအသိတွေပိုရှိလာတယ် လို့ဆိုပါတယ်။COVIDကာလမှ စီးပွားရေးလုပ်ရင်းကြုံရတဲ့အခက်အခဲကိုလည်းနှိုင်းယှဉ်ကအကုန်လုံးကြောက်နေတဲ့အချိန်မှာအစ်မက ဘာသတင်းမှကြည့်ချိန်မရဘဲ တစ်နေ့တစ်နေ့ ဘာလွှင့်ပေးရမယ်ဆိုတာကိုလုပ်ရတယ်။ လူပေါင်းစုံနဲ့စကားတွေပြောရတယ် ။ နေရာပေါင်းစုံကိုလည်းသွားနေရတယ်။ဒါပေမယ့်ဒီရောဂါကအစ်မတို့နဲ့ဝေးနေသေးတယ်။


အကယ်လို့ဖြစ်လာခဲ့ရင်လည်း မကြောက်ဘဲ ကြံကြံခံ ပြီးပြန်တိုက်ထုတ်မယ်။အမတို့ ပိန္နဲသီး ပို့တုန်းကဆို တကယ်ဖြစ်နေတဲ့ အင်းစိန်တို့လိုနေရာတွေတောင် ပိန္နဲသီစအလုံးကြီးတွေနဲ့ရောက်အောင်သွားပို့ရတယ်။maskတွေရော handgelတွေရော ကျန်းမာရေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေအကုန်ရောင်းတယ်တော်တော်လည်းရောင်းရတယ်။အရင်တုန်းကဆို အနုပညာလောကမျာ မျောပြီးလိုက်နေရတာ ဒါပေမယ့် ဒီချိန်မှာတော့ အပြောင်းအလဲနောက်လိုက်ပြီး အားလုံးကြောက်နေကြတဲ့ချိန်မှာ အမတို့က ထလုပ်လိုက်တာလို့ ပြောပြီး အိမ်ထောင်ရေးနဲ့ ပက်သက်လို့လည်း

အိမ်ထောင်သက်က ၁၀နှစ်လောက်ရှိတဲ့အတွင်းမှာလည်း၂၀၀၇ ကနေ၂၀၀၉လောက်က တော်တော်ခက်ခဲခဲ့တယ်။ ကိုဘင်းဆိုလုံးဝမရိုက်ရတော့သလောက်ပဲ။ ကိုဘင်းကသီးသန့်နေတတ်တော့ သိပ်မရိုက်ရတာလည်းပါတယ်။ အစ်မကိုကျတော့လည်း အမှန်တွေပြောတတ်တော့ အစ်မကိုဆိုရွံကြောက်ကြီးဖြစ်နေကြတာ။ ဒါပေမယ့် တကယ်လိုအပ်ရင်တော့ ခေါ်ရိုက်တယ်။ ဒါရိုက်တာကိုဝိုင်းကလည်းအစ်မရဲ့စိတ်ဓာတ်ကိုကြိုက်တော့ ခေါ်ရိုက်ပေးတော့ကျေးဇူးတင်ပါတယ်။တချို့အချိန်တွေဆိုပဲပြုတ်ဝယ်ဖို့ ၂၀၀ပဲရှိတယ်။အစ်မက ကိုယ့်အခက်အခဲကိုကိုယ့်ဘာသာပဲဖြေရှင်းလိုက်တယ်။ ကိုဘင်းတောင်နောက်ဆုံးခြေေ နရောက်မှသိတာ။ဒီ၃နှစ်တွင်းမှာ အိမ်စာချုပ်ချုပ်ဖို့တွေ ကလေးစားရိတ်တွေအားလုံးအစ်မဘာသာဖြေရှင်းတယ်။ အစ်မ ပိုက်ဆံရှိတော့လို့အကြွေးတွေဆပ်မှ သူအံဩနေတာ။ ကိုဘင်းကသူ့ဘာသာ သီးသန့်နေတတ်ပြိး အရမ်းမချမ်းသာချင်တဲ့ထဲပါတယ်။

မချမ်းသာလည်းရတယ် ရှိတာနဲ့စားမယ်ဆိုတဲ့လူမျိုး။အစ်မတို့၂ယောက်က သူများထမင်းလုတ်ကိုတစ်ခါမှမပုတ်ချခဲ့ဘူး လို့ အစ်မတို့က လိပ်ပြာသန့်တယ်။ ထီပေါက်ရင် ဇာတ်ပို့တွေအားလုံးကို ခေါ်ပြီးရိုက်ဖို့စိတ်ကူးလေးရှိတော့ နာမည်စားရင်းတွေတောင်ရေးထားတယ်။ကိုဘင်းမှာ သူ့ဘာသာရေးထားတဲ့ဇာတ်လမ်းတွေရှိတယ်။ အစ်မက ကိုယ်ဇာတ်လမ်းကိုသိမ်းထား အချိန်တစ်ခုကိုစောင့်ရမယ် အချိန်ရောက်ရင် ဖြစ်သွားမယ်လို့ပြောထားတယ်။ ခုလိုကြိုးစားတဲ့ဝီရိယရှိတာပဲကောင်းလှပြီး တစ်ခုခုဖြစ်ဖို့က အချိန်လိုအပ်တယ် ထီပေါက်ရင်တော့ ကိုယ့်ဇာတ်လမ်းလေးတွေကို ဇာတ်ပို့ဇာတ်ရံတွေအားလုံးထည့်ရိုက်နိုင်ဖို့ စိတ်ကူးလေးရှိတယ်လို့လည်းပြောပြပါတယ်။နှိုင်းယှဉ်ပြောပြချက်ေ လးတွေကို နားထောင်ပြီး ပရိသတ်ကြီးလည်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်…။

Source :Nhying Shin
Credit ; Celebrity Secret