


Source : Nay Htoo Naing
Credit ; (Yaung Chi)

ပရိသတ်ကြီးရေ အက်ရှင်ဇာတ်ကားတွေနဲ့ နယ်ပရိသတ်ရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ အက်ရှင်မင်းသားနေထူးနိုင်ကတော့ သူ့ရဲ့ ကိုယ်ပိုင် Youtube Channel လေးတစ်ခုဖြစ်တဲ့ ကြယ်တံခွန် – Kyal Da Ghun Entertainment ကနေတဆင့် သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးနေခဲ့တာပါ ။

လတ်တလောမှာတော့ ဝမ်းသာစရာသတင်းအနေနဲ့ သူ့ရဲ့ ကြယ်တံခွန် – Kyal Da Ghun Entertainment လေးကို Subscribe လုပ်သူ (၁)သိန်းပြည့်ခဲ့တဲ့အတွက် Youtube က ပေးအပ်တဲ့ ဆုတံဆိပ်လေးကို ရရှိခဲ့တယ်လို့သိရပါတယ် ။ ဒီဆုတံဆိပ်လေးဟာ ကျွန်တော်တို့မိသားစုပိုင် ကြယ်တံခွန်YouTube ချန်နယ်လေးကို အားပေးကြတဲ့ ပရိသတ်ကြီးကြောင့်အခုလိုအသိအမှတ်ပြုခံရတာပါ ကြယ်တံခွန်youtube channal ကိုဝင်ရောက်ကြည့်ရှုသူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ဂုဏ်ယူစရာ သတင်းလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

ကွီးနေထူးနိုင်ကို အစဉ်တစိုက်အားပေးနေကြတဲ့ ချစ်ပရိသတ်ကြီးကတော့ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်ချက်လေးတွေ ရေးသားပြီး ဂုဏ်ပြုခဲ့ကြပါတယ် ။ အခုလို Youtube က အသိမှတ်ပြု ဆုတံဆိပ်လေးကို ရရှိခဲ့တဲ့ ကွီးနေထူးနိုင်ကို ပရိသတ်တွေနဲ့ထပ်တူ ဂုဏ်ယူဝမ်းမြောက်ပါတယ်နော် ။

Source : Nay Htoo Naing
Credit ; (Yaung Chi)