လူငယ် အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt ကတော့ လက်ရှိမှာ ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ မြန်မာ့ဒီမိုကရေစီ လွတ်လပ်မှုအတွက် ဆန္ဒပြတောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။ G Fatt က မြန်မာပြည်တွင်းမှာဖြစ်ပျက်နေတဲ့ ပြည်သူ့အစိုးရကို ဖမ်းစီးထားတဲ့ စစ်အာဏာရှင်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပဲ ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်းလိုလို လမ်းမပေါ်ထွက် ဆန္ဒပြနေတဲ့ G Fatt ကတော့ နိုင်ငံအတွက် အုတ်တစ်ချက် သဲတစ်ပွင့်စာ ပါဝင်အားဖြည့်ရင်း တူလေးရဲ့ အနာဂတ်ကို စိတ်ပူလို့ ငိုမိတယ်ဆိုတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ချေကွေဗားရား လက်သစ်​တွေ တိုက်စစ်ဖွင့်ကြ​တော့ ငါတို့မျိုးဆက်လဲ ထပ်ချပ်မခွာ တံတိုင်း​ဆောက်ရ​တော့တာပါပဲ ​ယောက်ဖ​ရေ .. မင်းတို့ငါတို့ ဖတ်ဖူးတဲ့သမိုင်း​​တွေကို မင်းတို့ငါတို့လက်​တွေ့ဖြတ်သန်းကြရတဲ့အခါ အုပ်​လေးတစ်ချပ် သဲ​လေးတစ်ပွင့်ဆိုတာထက်​တော့ ပိုသင့်တယ်မလား?​နေနိုင်သူ​တွေကို​တော့ ထားလိုက်ပါ​တော့ကွာ ။ ​မ​နေနိုင်သူ​တွေနဲ့ ​ရှေ့ဆက်ကြတာ​ပေါ့ ။ အ​မေက ငိုတယ်ကွ ငါ့ကို စိတ်ပူလို့တဲ့။ ငါလဲ ငိုတယ်ကွ ငါ့တူ​လေးအနာဂါတ်ကိုစိတ်ပူလို့ ။” ဆိုပြီး ပြောလာပါတယ်။

G Fatt ကတော့ လူငယ်တစ်ယောက်ပီပီ ပြည်သူ့ဆန္ဒအတိုင်း ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ပြန်လည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: G Fatt’s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *