နိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ ေမာ္ဒယ္ ပိုင္တံခြန္က လက္ရွိမွာေတာ့ သူ႔ရဲ့ ဆန္းအတက္ဆုံးအခ်ိန္ကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ပိုင္တံခြန္က ျပည္တြင္းမွာသာမက ျပည္ပနိုင္ငံေတြထိပါ ထိုးေဖာက္ေအာင္ျမင္ေနၿပီး နိုင္ငံတကာက ပရိသတ္ေတြ အာ႐ုံစိုက္ခံေနရတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ့ ႀကံခိုင္သန္စြမ္းတဲ့ ခႏၶာကိုယ္နဲ႔ အျပစ္ဆိုဖြယ္ရာမရွိေအာင္ ၿပီးျပည့္စုံတဲ့ ေခ်ာေမာတဲ့႐ုပ္ရည္က ျပည္တြင္းျပည္ပ မိန္းကေလးပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိထားတာပါ။ ပိုင္တံခြန္ကလည္း သူ႔ကိုအားေပးၾကတဲ့ နိုင္ငံတကာက ပရိသတ္ေတြနဲ႔ ထိေတြ႕နိုင္ဖို႔ အႏုပညာအလုပ္ေတြကို အက်ယ္တဝင့္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

အရင္ကတည္းက ထိုင္းနိုင္ငံမွာ ေအာင္ျမင္မႈရရွိေနၿပီးသား ပိုင္တံခြန္က ဒီကေန႔မွာေတာ့ တ႐ုတ္နိုင္ငံက နာမည္ႀကီးလူမႈကြန္ယက္ျဖစ္တဲ့ Weibo Weibo မွာ Hot Search No (19) ကေန ေရပန္းစားေနသလို အခုတစ္ခါမွာလည္း ေတာင္ကိုရီးယားနိုင္ငံရဲ့ နာမည္ႀကီးသတင္းဝဘ္ဆိုဒ္ျဖစ္တဲ့ Naver မွာ အက်ယ္တဝင့္ ေဖာ္ျပျခင္းခံေနရတာပဲ ျဖစ္ပါတယ္။

Naver မွာ ပိုင္တံခြန္ရဲ့ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားနဲ႔ အႏုပညာလႈပ္ရွားမႈေတြကို ေဖာ္ျပထားၿပီး ကိုရီးယားအႏုပညာရွင္ေတြနဲ႔တူတယ္လို႔လည္း ေရးသားထားပါတယ္။ Naver က ပိုင္တံခြန္က ဆံပင္အတိုနဲ႔မွာလည္း Super Junior အဖြဲ႕က Choi Siwon လိုပုံစံမ်ိဳးရွိတယ္၊ ေဘးတေစာင္းအေနအထားနဲ႔ ပန္းခ်ီဆြဲေနတဲ့ ဓာတ္ပုံမွာ မင္းသား Kim Soo Hyun နဲ႔တူတယ္၊ အရပ္အေမာင္းက Lee Kwang Soo လိုမ်ိဳးရွိတယ္ဆိုၿပီး ရႊန္းရႊန္းေဝေအာင္ ေဖာ္ျပထားတာပဲ ျဖစ္ပါတယ္။

Naver Website က ေတာင္ကိုရီးယားနိုင္ငံရဲ့ နာမည္ႀကီး အႏုပညာရွင္သတင္းေတြပဲ တင္တဲ့ သတင္းဝဘ္ဆိုဒ္တစ္ခုျဖစ္ၿပီး ပိုင္တံခြန္ကေတာ့ လတ္တေလာမွာ လူစိတ္ဝင္စားမႈအရွိဆုံး ျမန္မာသ႐ုပ္ေဆာင္ျဖစ္တာေၾကာင့္ ေဖာ္ျပျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ့ သတင္းအတြက္ ပရိသတ္ႀကီးလည္း ထပ္တူဝမ္းသာဂုဏ္ယူေနမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit ; Swelsone News

နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိပါ ထိုးဖောက်အောင်မြင်နေပြီး နိုင်ငံတကာက ပရိသတ်တွေ အာရုံစိုက်ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ အပြစ်ဆိုဖွယ်ရာမရှိအောင် ပြီးပြည့်စုံတဲ့ ချောမောတဲ့ရုပ်ရည်က ပြည်တွင်းပြည်ပ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပါ။ ပိုင်တံခွန်ကလည်း သူ့ကိုအားပေးကြတဲ့ နိုင်ငံတကာက ပရိသတ်တွေနဲ့ ထိတွေ့နိုင်ဖို့ အနုပညာအလုပ်တွေကို အကျယ်တဝင့်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အရင်ကတည်းက ထိုင်းနိုင်ငံမှာ အောင်မြင်မှုရရှိနေပြီးသား ပိုင်တံခွန်က ဒီကနေ့မှာတော့ တရုတ်နိုင်ငံက နာမည်ကြီးလူမှုကွန်ယက်ဖြစ်တဲ့ Weibo Weibo မှာ Hot Search No (19) ကနေ ရေပန်းစားနေသလို အခုတစ်ခါမှာလည်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသတင်းဝဘ်ဆိုဒ်ဖြစ်တဲ့ Naver မှာ အကျယ်တဝင့် ဖော်ပြခြင်းခံနေရတာပဲ ဖြစ်ပါတယ်။

Naver မှာ ပိုင်တံခွန်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖော်ပြထားပြီး ကိုရီးယားအနုပညာရှင်တွေနဲ့တူတယ်လို့လည်း ရေးသားထားပါတယ်။ Naver က ပိုင်တံခွန်က ဆံပင်အတိုနဲ့မှာလည်း Super Junior အဖွဲ့က Choi Siwon လိုပုံစံမျိုးရှိတယ်၊ ဘေးတစောင်းအနေအထားနဲ့ ပန်းချီဆွဲနေတဲ့ ဓာတ်ပုံမှာ မင်းသား Kim Soo Hyun နဲ့တူတယ်၊ အရပ်အမောင်းက Lee Kwang Soo လိုမျိုးရှိတယ်ဆိုပြီး ရွှန်းရွှန်းဝေအောင် ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Naver Website က တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်သတင်းတွေပဲ တင်တဲ့ သတင်းဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး ပိုင်တံခွန်ကတော့ လတ်တလောမှာ လူစိတ်ဝင်စားမှုအရှိဆုံး မြန်မာသရုပ်ဆောင်ဖြစ်တာကြောင့် ဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ သတင်းအတွက် ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာဂုဏ်ယူနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit ; Swelsone News