


Credit – Cele Zone

Photo – Project K

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ ရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ လူချောလေးတွေအဖြစ် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Project K အဖွဲ့ကလည်း အပါအဝင်ပါပဲ။ Project K အဖွဲ့ဟာ အကတစ်မျိုးတည်းနဲ့ပဲ ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းမှာတော့ သီချင်းအမိုက်စားလေးတွေနဲ့ပါ မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိ ထားတာပါ ။

K-pop အကကို ဦးစားပေး performance ပြုလုပ်ကာ အမြဲတမ်း အမိုက်စား အကတွေနဲ့ တင်ဆက်တတ်ပြီး ဖက်ရှင်၊ စတိုင်က အစ ကိုရီယား Idol တွေလို အထာကျလွန်းတာကြောင့် မိန်းမလှလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံရတာလည်းဖြစ် ပါတယ်။ဒါ့အပြင် သူတို့အဖွဲ့လေးက ပြည့်ပနိုင်ငံတွေမှာတောင် မြန်မာကိုယ်စားပြု အနေနဲ့ သွားရောက် ဖျော်ဖြေပေးခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။

သူတို့ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေကို အမြဲချပြလေ့ရှိတာလည်းဖြစ်ပါတယ်။ အခုမှာတော့ ကြည့်မိသူတိုင်းငယ်စဉ်ကလေးဘဝကိုပြန်လည်အမှတ်ရသွားစေမယ့် ဗီဒီယိုလေးတစ်ခုကို ဝေမျှထားတာတွေ့ရပါတယ်။ ဒီဗီယိုလေးကြည့်ပြီးငယ်ငယ်က ဖိနပ်ပစ်တိုင်းဆော့ခဲ့ကြတဲ့ အချိန်တွေကိုပြန်လည်သတိရသွားစေမှာအမှန်ပါပဲနော် ။ ကဲ ပရိသတ်ကြီးလည်း project k တို့ဆော့တာကြည့်ရင်း ငယ်ဘဝကို ပြန်လွမ်း လိုက်ရအောင် ။

Credit – Cele Zone

Photo – Project K