ပရိတ္သတ္ၾကီးေရ…..ေမာ္ဒယ္ သႏၲာလွိုင္ကေတာ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနသူ တစ္ဦးပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ခက္ခဲေနတဲ့ ျပည္သူေတြအတြက္ လိုအပ္တဲ့ စားေသာက္ကုန္ပစၥည္းမ်ားကိုလည္း သြားေရာက္လႉဒါန္းေပးခဲ့ပါေသးတယ္။ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ေန႐ုံတင္မကဘဲလူမႈကြန္ယက္စာမ်က္ႏွာကေနလည္း Speak Out လုပ္ေပးေနတာပါ။

ဒီေန႔ကေတာ့ လူထုလႈပ္ရွားမႈမွာ ပါဝင္ရင္း က်ဆုံးသြားတဲ့ သူရဲေကာင္းေတြအတြက္ ဂုဏ္ျပဳေပးတဲ့ Flower Strike ေန႔ပဲ ျဖစ္ပါတယ္။ ဒီလႈပ္ရွားမႈတြင္ အမွန္တရားဘက္ကေန ရပ္တည္ေနၾကတဲ့ ျပည္သူေတြနဲ႔ အႏုပညာရွင္မ်ားလည္း ပါဝင္တာကို ျမင္ေတြ႕ၾကရမွာပါ။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သႏၲာလွိုင္ရဲ့ လူမႈ ကြန္ယက္ စာမ်က္ႏွာတြင္ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြအတြက္ ျပဳလုပ္ေသာ Flower Strike လႈပ္ရွားမႈမွာ ျပည္သူတစ္ဦးအေနနဲ႔ ပါဝင္ဆုေတာင္းခဲ့တဲ့ ပုံရိပ္ေတြကို ေဝမၽွထားတာပါ။ သူမကလည္း ” ဪ…. ပန္းေတြနဲ႔ ရိုက္ရမယ့္ Flower Strike ေန႔မွာေတာင္ ရိုက္စရာ ပန္းေတြက အိမ္မွာက်န္ခဲ့ၿပိီရွိတဲ့ ပန္းေလးနဲ႔ေပါ့ကြယ္။ အေရးေတာ္ပုံႀကီး ေအာင္ၿပီးရင္ ျပန္စရာအိမ္မရွိတဲ့လူေတြအားလုံးကို ကိုယ္ခ်င္းစာပါတယ္။ ကၽြန္မမွာ ျပန္စရာအိမ္မရွိေတာ့ဘူးဆိုရင္ေတာင္မွ ေယာက္်ား နဲ႔ ကေလးေတြ အသက္ရွင္လ်က္ရွိပါေသးတယ္။

သားသမီးေတြဆုံးရႈံးသြားတဲ့ မိဘေတြရယ္ အိမ္ေထာင္ဦးစီးမရွိေတာ့တဲ့ အေမေတြ အမ်ိဳးသမီးေတြရယ္ ကိုစဥ္းစားလိုက္ရင္ ေအာ္ အထုပ္ဆြဲၿပီးေလ်ာက္ေျပးေနရတဲ့ ကိုယ့္ဒုကၡက ဘာမွမေျပာစေလာက္ေလးပါလား ရယ္လို႔အားျပန္တင္းၿပီး လုပ္စရာရွိတာေတြဆက္လုပ္ဖို႔ အားျပန္ေမြးရတယ္။ အားတင္းထားၾကပါ။ စည္းလုံးတာေတြ စည္းကမ္းရွိၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီေဖးမေနတာေတြကေအာင္ျမင္ဖို႔ အဓိကက်တဲ့ အခ်က္ေတြပါ။ အားမငယ္ပါနဲ႔ အခုခ်ိန္မွာ ဘယ္လိုၾကည့္ၾကည့္ အားရစရာမရွိဘူးလို႔ခံစားေနရေပမယ့္ တစ္ခ်ိန္ ဓမၼက အဓမၼကို အုပ္စိုးသြားမွာပါ။ အေရးေတာ္ပုံ ေအာင္ရမည္။#SaveMyammar #FlowerStrikeMyanmar #FlowerStrik ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Thandar Hlaing’s Facebook Page
Credit…..

ပရိတ်သတ်ကြီးရေ…..မော်ဒယ် သန္တာလှိုင်ကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခက်ခဲနေတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းများကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေရုံတင်မကဘဲလူမှုကွန်ယက်စာမျက်နှာကနေလည်း Speak Out လုပ်ပေးနေတာပါ။

ဒီနေ့ကတော့ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ပြုပေးတဲ့ Flower Strike နေ့ပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွင် အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်များလည်း ပါဝင်တာကို မြင်တွေ့ကြရမှာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သန္တာလှိုင်ရဲ့ လူမှု ကွန်ယက် စာမျက်နှာတွင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပြုလုပ်သော Flower Strike လှုပ်ရှားမှုမှာ ပြည်သူတစ်ဦးအနေနဲ့ ပါဝင်ဆုတောင်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှထားတာပါ။ သူမကလည်း ” ဪ…. ပန်းတွေနဲ့ ရိုက်ရမယ့် Flower Strike နေ့မှာတောင် ရိုက်စရာ ပန်းတွေက အိမ်မှာကျန်ခဲ့ပြိီရှိတဲ့ ပန်းလေးနဲ့ပေါ့ကွယ်။ အရေးတော်ပုံကြီး အောင်ပြီးရင် ပြန်စရာအိမ်မရှိတဲ့လူတွေအားလုံးကို ကိုယ်ချင်းစာပါတယ်။ ကျွန်မမှာ ပြန်စရာအိမ်မရှိတော့ဘူးဆိုရင်တောင်မှ ယောက်ျား နဲ့ ကလေးတွေ အသက်ရှင်လျက်ရှိပါသေးတယ်။

သားသမီးတွေဆုံးရှုံးသွားတဲ့ မိဘတွေရယ် အိမ်ထောင်ဦးစီးမရှိတော့တဲ့ အမေတွေ အမျိုးသမီးတွေရယ် ကိုစဉ်းစားလိုက်ရင် အော် အထုပ်ဆွဲပြီးလျောက်ပြေးနေရတဲ့ ကိုယ့်ဒုက္ခက ဘာမှမပြောစလောက်လေးပါလား ရယ်လို့အားပြန်တင်းပြီး လုပ်စရာရှိတာတွေဆက်လုပ်ဖို့ အားပြန်မွေးရတယ်။ အားတင်းထားကြပါ။ စည်းလုံးတာတွေ စည်းကမ်းရှိပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမနေတာတွေကအောင်မြင်ဖို့ အဓိကကျတဲ့ အချက်တွေပါ။ အားမငယ်ပါနဲ့ အခုချိန်မှာ ဘယ်လိုကြည့်ကြည့် အားရစရာမရှိဘူးလို့ခံစားနေရပေမယ့် တစ်ချိန် ဓမ္မက အဓမ္မကို အုပ်စိုးသွားမှာပါ။ အရေးတော်ပုံ အောင်ရမည်။#SaveMyammar #FlowerStrikeMyanmar #FlowerStrik ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Thandar Hlaing’s Facebook Page
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *