


Source: Soe Yan Aung ‘s fb

နိုင်ငံကျော် အနုပညာရှင် ဇနီးမောင်နှံနှစ်ယောက်ဖြစ်ကြတဲ့ သရုပ်ဆောင် စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ ဗီဒီယိုဇာတ်ကားတွေကို အတူတူ ရိုက်ကူးရင်းနဲ့ ဖူးစာဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။ စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ တူညီတဲ့ အနုပညာနယ်ပယ်ထဲမှာ ကျင်လည်ခဲ့ကြသူတွေပီပီ စိတ်တူကိုယ်တူရှိပြီး နှလုံးသားချင်းထပ်တူကျခဲ့တာမို့ သူတို့ရဲ့ အိမ်ထောင်ရေးလေးပ ကြည်နူးပျော် ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တာပဲ ဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ စိုးရန်အောင်နဲ့ သက်သခင်တို့က မကြာခင် သူတို့ဘဝထဲကို ဝင်ရောက်လာတော့မယ့် သားလေးအတွက် ရင်ခုန်စိတ်လှုပ် ရှားခြင်းများစွာနဲ့ စောင့်ဆိုင်းနေကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ သက်သခင်က သူမရဲ့ ပထမဦးဆုံး သားလှရတနာလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သက်သခင်နဲ့ သားလေးရဲ့ အခြေအနေနဲ့ ပက်သတ်ပြီး စိုးရန်အောင်က “သားလေး 😍 အမေရော သားလေးပါ ကျန်းကျန်းမာမာဖြင့် နံနက် ၅:၄၀ က မွေးဖွားခဲ့ပါသည် 😍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။

စိုးရန်အောင်နဲ့ သက်သခင်တို့ကတော့ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို မြင်တွေ့ခွင့်ရခဲ့ပြီမို့ စိတ်လှုပ်ရှားရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ စိုးရန်အောင်တို့ မိသားစုလေးအတွက် ပရိသတ်တွေလည်း ထပ်တူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Soe Yan Aung ‘s fb
Credit – Cele Connections