


Source: NaySan
Credit -CeleKhitThit

ပရိသတ်ကြီးရေ နေဆန်းကတော့ ဟာသ ဗီဒီယိုဖိုင် နဲ့ ပညာပေးဗီဒီယိုဖိုင်လေးတွေကို ရိုက်ကူးရင်းပရိသတ်တွေ သတိထားမိကာ အားပေးဝန်းရံခံခဲ့ရတဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ မိန်းမအသွင် နဲ့ ယောကျာ်းလေးအသွင်နှစ်ခုလုံးကို ကျွမ်းကျင်ပိုင်နိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့အနေနဲ့ အောင်မြင်လာတာနဲ့အမျှ မိဘအပေါ်မှာလည်း အရမ်းကိုသိတတ်လွန်းသူဖြသ်တာကြောင့် မြင်သူတိုင်းက နေဆန်းရဲ့ လိမ္မာမှု ကို မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲနော်။ အလှူအတန်းဆိုလည်း ဘယ်အချိန်ဖြစ်ဖြစ်သဒ္ဓါတရားထက်သန်ကာ စိတ်ရောလူရော နှစ်ကာ ပြုလုပ်တတ်တဲ့ သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ ”Chi Chi နဲ့ San ရေစက် ✨🥰”ဆိုတဲ့စာလေးနဲ့အတူနေခြည်ဦး တစ်ယောက် ကျိုက်ထိုကိုရောက်ရှိနေတဲ့အချိန် ပရိသတ်အချစ်တော် နေဆန်းကလည်းသွားရောက်တွေ့ဆုံကာ ”တောထွက် အကင်တွေစား ပျော်စရာကြီး ”ဆိုတဲ့စာလေးနဲ့ အမှတ်တရပုံလေးတွေတင်လာခဲ့တာပါ။ ချစ်စရာကောင်းတဲ့သူတို့နှစ်ဦးကိုချစ်ရင်မှတ်ချက်လေးတွေပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ​ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: NaySan
Credit -CeleKhitThit