ပရိတ်သတ်ကြီးရေ…..သရုပ်ဆောင် ဘေဘီမောင်ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက် ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ဘေဘီမောင်က ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူပရိသတ်တွေနဲ့ အတူ ရင်ဘက်ချင်း ထပ်တူကျကာ တရားမျှတမှု အတွက် အေးချမ်းစွာ ပူးပေါင်း ပါဝင်လုပ်ဆောင် နေတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေကိုလည်း အစားအသောက်များ လိုက်ဝေငှကာ တက်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကို ပြုလုပ်ရင်း ရရာနေရာကနေ အားဖြည့်ပါဝင်ခဲ့သူတစ်ယောက်ပါ ။အခုလို တတ်နိုင်သလောက်လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အလှူအတန်းတွေဆို လက်မနှေးတဲ့ ဘေဘီက အခုလည်း ကျုံပျော်ကရွာလေးမှာ အလှူလုပ်ရင်း ဦးဇင်းတွေကိုပါ ဝတ္တုငွေကပ်ကာ ကုသိုလ်ပြုခဲ့ကြောင်းခုလိုပုံလေးတွေနဲ့တကွ ရေးသားဖော်ပြလာတာဖြစ်ပါတယ်။” ကျုံပျော်ဘက်ကရွာလေးမှာ အလှူတစ်ခုသွားရင်း ဦးဇင်းတွေကိုရင်တွေကို ဝတ္တုငွေလေးကပ်ချင်တာနဲ့ စာအိတ်လေးတောင်မပါဘူးဒါနလေးပြုခဲ့ပါတယ်ရှင့် လှူရတန်းရရင် ပိတီဖြစ်သောကျမ အလှူရေစက် လက်နဲ့မကွာ” ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်း ဘေဘီရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံးကို အထူပင်ကျေးဇူးတင်ရှိပါတယ်..။

Credit – Cele Zone
Photo – Baby Maung



Credit – Cele Zone
Photo – Baby Maung