ပရိသတ်ကြီးရေ ပြေတီဦးရဲ့ညီမငွေတီဦးကတော့ မနေ့ကကျေ ရာက်တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့က ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ၄လကျော်နေ့မအားညမအားပြုစုခဲ့တဲ့ခင်ပွန်းကိုလက်လွှတ်လ်ုက်ရတဲ့ဘသူ့ရဲ့ခံစားချက်တွေကိုရင်ဖွင့်ပြောပြခဲ့တာပါ။ ”ချစ်သူသို့ လွမ်းဆွတ်ဝမ်းနည်းခြင်းများနဲ့ ရေးတဲ့စာ..ကို့ကို ပြန်မခေါ်လာနိုင်တော့ဘူး ဆိုတဲ့အသိနဲ့ အေးစက်စက် တစ်ကိုယ်စာအခန်းကျဉ်းလေးထဲ ထည့်ခဲ့ရတဲ့အချိန် အအေးကြောက်တဲ့ကိုနဲ့ထပ်တူ နှလုံးသားတစ်ခုလုံး အေးခဲနေခဲ့တာပါ..နောက်ဆုံးအချိန်ထိ ကိုလဲဇွဲမလျှော့ခဲ့သလို ချစ်လဲ လုံးဝစိတ်မလျှော့ဘဲ ရေကုန်ရေခန်း ကြိုးစားခဲ့ကြတာ ကိုရောချစ်ရော အသိပါ..မခံစားနိုင်အောင် ကြီးမားလာတဲ့ ဝေဒနာနှိပ်စက်လာတော့ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကသာ အရှုံးပေးသွားတာ ကို့ရဲ့ စိတ်က နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားတဲ့အတွက် တကယ်လေးစားပါတယ်..ကို့နေရာမှာသာ ချစ်ဆို ဒီလောက်အကြာကြီးတောင့်မခံနိုင်မှာ သေချာပါတယ်..အရာရာမှာ ကိုက ချစ်ထက် တော်တယ်လေနော်..ဉာဏ်ကောင်းတယ်..စိတ်ရှည်တယ်..ဇွဲရှိ တယ်..။

ပြသနာကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်..။လေ့လာ သင်ယူနိုင်စွမ်း မြင့်မားတယ်..။အကောင်းဆုံး ကို့ အရည်အချင်းကတော့ မိန်းမကို အမြဲစိတ်ချမ်းသာအောင်ထားပီး အစွမ်းကုန်ယုံကြည်မှုပေးပြီး အစွမ်းကုန်ချစ်ပေးခဲ့တာပါပဲ..၁၀ နှစ်နဲ့ ၉ ရက် လက်တွဲခဲ့တဲ့ ကာလမှာ နောင်တဆိုတာ မရှိလောက်အောင် တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တာဝန်ကျေခဲ့တယ်နော်..ဆေးရုံမှာ “ချစ်ကိုလက်ထပ်ခဲ့တာ နောင်တရလား”လို့မေးတော့ “သူ့ဘဝအတွက် အမှန်ဆုံး ဆုံဖြတ်ချက်” လို့ ပြန်ပြော ခဲ့တဲ့အတွက် ကျေးဇူးပါ..။ငယ်ငယ်ထဲက ပျော်စရာသိပ်မများခဲ့တဲ့ ကို့အတွက် ပျော်စရာအချိန်တွေဆိုတာ ကိုနဲ့ လက်ထပ်ပီးမှ ရလာခဲ့တာမို့ ဒီ ၁၀ နှစ်က ဘဝမှာ အပျော်ဆုံးပါ..အရင်ထဲက အစစအရာရာ ထောင့်စေ့အောင် ကို့အပေါ်ဖြည့်စည်းခဲ့ပေမယ့် နေမကောင်းဖြစ်လို့ ဆေးရုံပေါ်ရောက်ခါမှ ငါဟာ သူ့အပေါ် ဒီလောက်တောင် ချစ်နိုင်ရလားလို့ ကိုယ့်ကိုယ်ကို အံ့ဩရတဲ့အထိ ဖြစ်ခဲ့ရတယ်..။ငါဆိုတာ ပျောက်ဆုံးပီး ထည့်မတွက်နိုင်လောက်အောင် ကို့အတွက် ပူပင်သောကနဲ့ နေ့များစွာ ညများစွာ အားတင်းဖြတ်သန်းခဲ့ ရတယ်

လွမ်းစရာရှိရင် နာစရာနဲ့ဖြေ ဆိုတော့ နာစရာရှာမတွေ့တိုင်း နာနေတဲ့ရင်ကို ပရုတ်ဆီလူးလဲ ပျောက်မှာမှ မဟုတ်တာပဲလေ..ဘာလို့ အဲလောက်တောင် ချစ်ခဲ့ ယုံကြည်ပေးခဲ့ အားကိုးခဲ့ ရတာလဲ ကိုရယ်..ချစ်သာရှိရင် မသေနိုင်ဘူးဆိုတဲ့လောက်ထိ ယုံခဲ့တာလား..အစွမ်းကုန်လုပ်ပေးခဲ့ပေမယ့်လည်း မဖြေသာပါဘူး..ရှင်သန်ခြင်သေးတဲ့ကို့ဆန္ဒကို ဖြည့်စည်းပေးချင်တာ.ဘဝတခုကို အတူရုန်းကန်တည်ဆောက်ခဲ့တာ ရုပ်လုံးပေါ်လာတာမှ ဘာမှမကြာသေးဘူးမဟုတ်လား..အနာဂတ်ကို ပုံဖော်ဖို့ အလုပ်တွေခေါင်းထဲမှာ အမြဲစီနေ တတ်တဲ့ ယောက်ျား..တခါတလေ အတွေးတွေများပီး အားငယ်စိတ်ဝင်ရင် “အနည်းဆုံးတော့ ချစ် ကို့အနားမှာ ရှိနေပေးမှာ မဟုတ်လားဟင်” လို့ အမြဲမေးတတ်တဲ့သူ..ကို့ အားပေးစကားနဲ့ အရာရာရှေ့ဆက်မယ်ဆိုတဲ့ ခွန်အားတွေနဲ့ အမြဲတက်ကြွနေတဲ့သူ..ချစ်ရဲ့ မဟာတံတိုင်း အမြဲဖြစ်ချ င်ခဲ့တဲ့သူ..ဦးနှောက်က ဘယ် လိုဖြေဖြေ နှလုံးသားက မဖြေနိုင်ဘူး..

ကိုအမြဲဖြစ်စေချင်ခဲ့သလို ကို့ရဲ့နောက်ဆုံးအချိန်ထိ ကို့လက်ကို မလွှတ်တမ်းဆုတ်ကိုင်ထားခဲ့တာရယ်အနှောက်အယှက်ကင်းကင်းနဲ့ စိတ်ဖြောင့်ဖြောင့် သွားနိုင်ဖို့ သရဏဂုံတောက်လျှောက်ရွတ်ပေးပြီး ပြုခဲ့ဘူးတဲ့ ဒါန သီလ ဘာဝနာ ကို နှလုံးသွင်းဖို့ အားပေးခဲ့တာရယ်.. ကို ကျေနပ်တယ်မဟုတ်လားဟင်..Invasive Ventilator နဲ့ အစွမ်းကုန်ရိုက်ထည့်တာတောင် ပြန်မတက်နိုင်တော့တဲ့ Oxygen နဲ့ မရနိုင်ဘူးဆိုတာ သေချာနေမှတော့ ကိုထပ်ပီးမနာကြဉ်ရအောင် DNR ကို ချစ်တောင်းဆိုခဲ့တာ ကို စိတ်မဆိုးပါနဲ့နော်..ကို သိပ်ပြီး နာကြဉ်မခံစားသွားရဘူး အေးချမ်းစွာဖြတ်သန်းသွားတယ်ဆိုတဲ့အတွေးနဲ့ စိတ်ကိုဖြေပါ့မယ်..ပိုပြီး ပြည့်စုံတဲ့ ဘဝမှာ အေးချမ်းစွာ ရှိနေပါစေကိုရေ..ဖုန်းခေါ်လိုက်တိုင်း “ချစ်ဆုံး ပြော” ဆိုတဲ့ အားရပါးရထူးတဲ့အသံလေးကို အမြဲလွမ်းနေမယ်..ပျော်စရာ မန်မိုရီတွေပဲ ချန်ထားပေးခဲ့ လို့ ကျေးဇူးပါကိုရေ.. ”ဆိုတဲ့စာလေးနဲ့ရင်ဖွင့်ရေးသားခဲ့တာပါ။ပရိသတ်တွေလည်း စာလေးတွေဖတ်ပြီးဂရုဏာသက်ပြီး ဝမ်းနည်းနေကြမယ်ထင်ပါတ ယ်နော်။

Credit- CeleGabar

Source- NgweOu

Leave a Comment

Your email address will not be published. Required fields are marked *