သရုပ်ဆောင်လောကမှာ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဝါသနာအရင်းခံကာ ကြိုးစားလုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို တစ်နေ့ထက် တစ်နေ့ ချစ်မဝ ဖြစ်နေကြ တာပါ ။

သင်ဇာက ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း အလှူအတန်းတွေကို တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးလေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ သင်ဇာက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကွယ်လွန်သူ ရေမွန်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုများစွာပြုလုပ်ခဲ့ ပါတယ် ။

သံဃာတော်များကို ဆွမ်း ဆက်ကပ်ခဲ့တဲ့ အပြင် ရေစက်ချဆရာတော် ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးကိုပြုလုပ်ခဲ့ကြောင်းကို ” ဒီနေ့အောင်ဇမ္ဗူကျောင်းမှာ သူငယ်ချင်းတွတ်ပီအတွက်ရည်စူးပြီးနေ့ဆွမ်းအလှူ ရေစက်ချဆရာတော်ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ်ခဲ့ပါတယ် ဤကုသိုလ်ကောင်းမှုအစုစုတို့ကို သူငယ်ချင်းလေး တွတ်ပီ ရောက်ရာအရပ်ကသာဓုခေါ်နိုင်ပါစေ ” ဆိုတဲ့စာလေးနဲ့ အတူ အလှူပုံလေးတွေနဲ့တကွ ဖော်ပြထား ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – ThinZar Wint Kyaw