


Credit

ပရိသတ်ကြီးရေ သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ကောင်မလေးဟာ လွန်ခဲ့တဲ့ လပိုင်းလောက်က အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ချစ်သူလေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပြောစရာစကားမရှိလောက်အောင်ကို ဝမ်းနည်းပူဆွေးနေရတာ ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို လည်းသတိရတိုင်း ဝေမျှပေးနေတာလည်း ဖြစ်ပ ါတယ်။

ဒီနေ့ကတော့ ညီထွဋ်ခေါင်ကောင်မလေးရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ညီထွဋ်ခေါင်ရဲ့ Facebook Story တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော ချစ်သူလေးရဲ့မွေးနေ့အတွက် အမှတ်တရဗီဒီယိုလေးကို ဝမ်းနည်းစွာဖြင့် ဖန်တီးပြုလုပ်ပေးလာတာ ဖြစ်ပါတယ်။ ” Happy Birthday ပါမေရောက် ရာဘဝမှာ ပျော်ရွှင်နေပါစေနော်။

မနှစ်က မေ့ရဲ့မွေးနေ့လေးကို လူစုံနဲ့ပျော်ရွှင်ခွင့်ရသွားတာကို မေကျေနပ်သွားတယ်မလား။ အဲ့ဒီနေ့က မေပျော်နေတာလေးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်နေမိတာ နောက်ဆုံးမွေးနေ့ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှထင်မထားသလိုမေလဲသိလိုက်မှာ မဟုတ်ဘူးနော်။ ဒီနှစ်ကစပြီး ခြောက်ကပ်ကပ်နဲ့ တစ်ယောက်တည်း ဖြတ်သန်းရတော့မယ် ပြန်တွေးလိုက်တိုင်း ပျော်စရာ ကြည်နူးစရာအမှတ်တရလေးတွေ ချန်ထားပေးခဲ့တဲ့ အတွက်လဲ ကျေးဇူးပါမေ။တိုက်တိုက်ဆိုင်ဆိုင် မေ ထွက်သွားတာ (၅) လတောင် ရှိခဲ့ပြီပဲ။ သံသရာအဆက်ဆက် ဖြစ်လေရာဘဝမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံပါစေနဲ့တော့ မေရယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Credit

Leave a Comment

Your email address will not be published. Required fields are marked *