ပရိတ်သတ်ကြီးရေ…စိတ်ထားကောင်းပြီး လူတိုင်းက ချစ်ခင်အောင် ပေါင်းသင်းပြော ဆိုတတ်တဲ့ အဆိုတော်ရေမွန်တစ်ယောက် သူချစ်တဲ့ဂီတနဲ့ ပရိသတ်တွေကို ထာဝရခွဲခွာနှုတ်ဆက်သွားခဲ့ပါတယ်။ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုများစွာကိုရရှိခဲ့တဲ့ အဆိုတော်ရေမွန်ဟာ မင်းအတွက်မင်း၊ မင်းနဲ့နီးဖို့၊ တွေ့ရတာဝမ်းသာတယ်၊ဆုလာဘ်၊ စိတ်ဖြောင့်ဖြောင့် နဲ့သာချန်ခဲ့ စတဲ့နာမည်ကြီးသီချင်းတွေကို သီဆိုခဲ့တာဖြစ်ပါတယ်။

ငယ်ရွယ်ပြီး အရည် အချင်းရှိတဲ့ အဆိုတော်တစ်ယောက်အခုလို ဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်နေကြပြီးပရိသတ်တွေက ရေမွန်အတွက် အမှတ်တရတွေကို ဖန်တီးနေကြပါတယ်။ပရိသတ်တွေကတော့ ရေမွန်ကို အမြဲသတိရစေဖို့ အတွက် Raymond Tree ကမ်ပိန်းလေးမှာ ပါဝင်ကြသလို ရေမွန်ရဲ့ပုံတွေကိုလည်း ခန္ဓာ ကိုယ်ပေါ်မှာ တက်တူရေးထိုးနေကြပါတယ်။ယခုမှာတော့ ပရိသတ်တစ်ဦးဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ရေမွန်ကို ဂုဏ်ပြုတဲ့ အနေ နဲ့ သူ ရဲ့ပုံတူကို လည်သာအိတ်ပေါ်မှာ ခက်ခက်ခဲခဲ နဲ့ ထုဆစ်လိုက်ပါတယ်။

အဆိုပါလည်သာအိတ်ကို စီးပွားရေးအရရောင်းချဖို့ပြုလုပ်တာ မ ဟုတ် ဘဲ သူတတ်မြောက်တဲ့ပညာနဲ့ဂုဏ်ပြုခြင်းသာဖြစ်တဲ့အကြောင်းအဆိုပါပရိသတ်က ရှင်းပြထားခဲ့ပါတယ်။ပရိသတ်တစ်ဦးကတော့ ” ကိုရေမွန်အတွက် ရောင်းဖို့မဟုတ်ပါ ညီအကိုတို့ စီးပွားရေးအရပြုလုပ်ခြင်းမဟုတ်ပါဘူး မိမိတတ်သောပညာ ဖြင့်ဂုဏ်ပြုခြင်းသာဖြစ်ပါသည်July 4 ရက် 2021 ခုနှစ် နေ့တွင် ထုတ်လုပ်ပြီးခဲ့သည် Learher hand made myanmar yangoncow leather ပန်းပပု wallet ကိုရေမွန် ချစ်တဲ့သူအားလုံး share လို့ရပါတယ် “ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ပရိသတ်တစ်ဦးကိုယ်တိုင်ပြုလုပ်ထားပြီး အဆိုတော်ရေမွန်ရဲ့ပုံတူပါရှိတဲ့ လည်သာအိတ်လေးကို ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြ ပေးလိုက် ရပါတယ်။

Credit

ပရိတ္သတ္ႀကီးေရ…စိတ္ထားေကာင္းၿပီး လူတိုင္းက ခ်စ္ခင္ေအာင္ ေပါင္းသင္းေျပာ ဆိုတတ္တဲ့ အဆိုေတာ္ေရမြန္တစ္ေယာက္ သူခ်စ္တဲ့ဂီတနဲ႔ ပရိသတ္ေတြကို ထာဝရခြဲခြာႏႈတ္ဆက္သြားခဲ့ပါတယ္။ လူငယ္ပရိသတ္ေတြရဲ့ အားေပးမႈမ်ားစြာကိုရရွိခဲ့တဲ့ အဆိုေတာ္ေရမြန္ဟာ မင္းအတြက္မင္း၊ မင္းနဲ႔နီးဖို႔၊ ေတြ႕ရတာဝမ္းသာတယ္၊ဆုလာဘ္၊ စိတ္ေျဖာင့္ေျဖာင့္ နဲ႔သာခ်န္ခဲ့ စတဲ့နာမည္ႀကီးသီခ်င္းေတြကို သီဆိုခဲ့တာျဖစ္ပါတယ္။

ငယ္ရြယ္ၿပီး အရည္ အခ်င္းရွိတဲ့ အဆိုေတာ္တစ္ေယာက္အခုလို ဆုံးပါးသြားလို႔ စိတ္မေကာင္းျဖစ္ေနၾကၿပီးပရိသတ္ေတြက ေရမြန္အတြက္ အမွတ္တရေတြကို ဖန္တီးေနၾကပါတယ္။ပရိသတ္ေတြကေတာ့ ေရမြန္ကို အျမဲသတိရေစဖို႔ အတြက္ Raymond Tree ကမ္ပိန္းေလးမွာ ပါဝင္ၾကသလို ေရမြန္ရဲ့ပုံေတြ ကိုလည္း ခႏၶာ ကိုယ္ေပၚမွာ တက္တူေရးထိုးေနၾကပါတယ္။ယခုမွာေတာ့ ပရိသတ္တစ္ဦးဟာ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ေရမြန္ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ သူ ရဲ့ပုံတူကို လည္သာအိတ္ေပၚမွာ ခက္ခက္ခဲခဲ နဲ႔ ထုဆစ္လိုက္ပါတယ္။

အဆိုပါလည္သာအိတ္ကို စီးပြားေရးအရေရာင္းခ်ဖို႔ျပဳလုပ္တာ မ ဟုတ္ ဘဲ သူတတ္ေျမာက္တဲ့ပညာနဲ႔ဂုဏ္ျပဳျခင္းသာျဖစ္တဲ့အေၾကာင္းအဆိုပါပရိသတ္က ရွင္းျပထားခဲ့ပါတယ္။ပရိသတ္တစ္ဦးကေတာ့ ” ကိုေရမြန္အတြက္ ေရာင္းဖို႔မဟုတ္ပါ ညီအကိုတို႔ စီးပြားေရးအရျပဳလုပ္ျခင္းမဟုတ္ပါဘူး မိမိတတ္ေသာပညာ ျဖင့္ဂုဏ္ျပဳျခင္းသာျဖစ္ပါသည္July 4 ရက္ 2021 ခုႏွစ္ ေန႔တြင္ ထုတ္လုပ္ၿပီးခဲ့သည္ Learher hand made myanmar yangoncow leather ပန္းပပု wallet ကိုေရမြန္ ခ်စ္တဲ့သူအားလုံး share လို႔ရပါတယ္ “ဆိုၿပီးလူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။ ပရိသတ္တစ္ဦးကိုယ္တိုင္ျပဳလုပ္ထားၿပီး အဆိုေတာ္ေရမြန္ရဲ့ပုံတူပါရွိတဲ့ လည္သာအိတ္ေလးကို ပရိသတ္ေတြ အတြက္ ျပန္လည္ေဖာ္ၿပ ေပးလိုက္ ရပါတယ္။

Credit