


Source: ALINNYAUNG’s fb

နိုင်ငံကျော် မင်းသမီးချော ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ဟန်ပန် အမူအယာကောင်းရုံသာမက ကြင်နာတတ်ပြီး စိတ်သဘောထားလည်း ဖြောင့်မတ်ကောင်းမွန်သူလေးတစ်ယောက်ဖြစ်တာကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ ထိပ်တန်းမင်း သမီးတစ်လက်ဖြစ်သလို အကယ်ဒမီများရှင်တ စ်ယောက်လည်းဖြစ်ပေမယ့် သူမနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အနုပညာကြေးလျှော့ပေါ့ယူပေးသလို တစ်ခါတစ်ရံမှာလည်း အချိန်သက်သက်ပေးပြီး မေတ္တာနဲ့ ရိုက်ကူးပေးလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ဝတ်မှုံရွှေရည်က သူမနဲ့ခင်မင်ရ င်းနှီးတဲ့ အနုပညာမောင်နှမတစ်ယောက်ဖြစ်တဲ့ အလင်းရောင်ရဲ့ “ကျွန်တော်အသည်းကွဲဖူးပြီ” သီချင်း MV မှာ ပါဝင်သရုပ်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အလင်းရောင်ကလည်း သူ့ရဲ့ သီချင်းလေးမှာ မေတ္တာနဲ့ ပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ ဝတ်မှုံရွှေရည်ကို “ကျေးဇူးကမ္ဘာပါပဲ မကစ် 🥰 အခုလို မေတ္တာနဲ့အချိန်ပေးရိုက်ကူးပေးတဲ့အတွက်ရော အားဖြည့်ေ ပးတဲ့အတွက်ရော ပြောမပြတတ်အောင်ပဲကျေးဇူးတင်ပါတယ်🤩🥰 စိတ်ထားကောင်းတဲ့ ကစ်လဲ အကယ်ဒမီတွေအများကြီးအ များကြီးရပါစေ 😍🥰😍🥰😍” ဆိုပြီး ကျေးဇူးတင် ဆုတောင်းစ ကားပြောလာပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ထိပ်တန်းမင်း သမီးဆိုပေမယ့် ခင်မင်ရတဲ့ အလင်းရောင်ရဲ့ သီချင်း MV မှာ အခကြေးငွေလုံးဝမယူပဲ မေတ္တာနဲ့ အချိန်သ က်သက်ပေးပြီးကို ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ အလင်းရောင် ဆုတောင်းပေးသလို ဝတ်မှုံရွှေရည်တစ်ယောက် အကယ်ဒမီတွေအများကြီး ထပ်ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: ALINNYAUNG’s fb
Credit – Cele Connections