


Source: Khin Lay Nwe’s fb

ချစ်စရာကောင်းတဲ့ လီဆူးတိုင်းရင်းသူလေး ခင်လေးနွယ်ကတော့ စကားဝဲဝဲလေးနဲ့ ချစ်စရာကောင်းစွာသရုပ်ဆောင် တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ခင်လေးနွယ်က သီချင်းဗီစီဒီ တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာလည်း ရိုက်ကူးခဲ့သူမို့ ပရိသတ်တွေ အားပေးချစ်ခင်ပြီးသား အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခင်လေးနွယ်က အနုပညာလှုပ်ရှားမှုတွေထက် စီးပွားရေးအလုပ်တွေကို ဦးစားပေးလုပ်ကိုင်လာပြီး သူမရဲ့ ကိုယ်ပိုင်ဆိုင်တွေကိုပဲ ဦးစီးဆောင်ရွက်တော့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ဧပြီလအတွင်းမှာ လက်ထပ်ခဲ့ပြီဖြစ်တဲ့ ခင်လေးနွယ်ကတော့ သူမရဲ့ ကြင်စဦးအချိန်လေးတွေကို သေသေချာချာ မကုန်ဆုံးရသေးခင်ပဲ ခင်ပွန်းဖြစ်သူနဲ့ တစ်ယောက်တစ်နေရာစီ အလုပ်လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်ရဲ့ ခင်ပွန်းကတော့ ကော့သောင်းမြို့အနီးက ကျွန်းလေးမှာ ဟိုတယ်လုပ်ငန်းလုပ်ဖို့ ဆောင်ရွက်နေသလို ခင်လေးနွယ်က ရန်ကုန်မြို့မှာ သူမရဲ့ ဆိုင်အလုပ်တွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခင်လေးနွယ်က သူမရဲ့ ကျွန်းပေါ်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ ခင်ပွန်းကို လွမ်းနေကြောင်း “လူချင်းဝေးလဲ… နှလုံးသားချင်း နီးနေပါတယ်နော် 💙😉” ဆိုပြီး အချွဲပိုနေတာကို တွေ့ရပါတယ်။

ခင်လေးနွယ်ကတော့ ခင်ပွန်းဖြစ်သူကို အလွမ်းကြီးလွမ်းစေဖို့ တီတီတာတာလေးတွေပြောပြီး အချွဲပိုလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်နဲ့ ပက်သတ်ရင် နုပျိုလွန်းတဲ့ ခင်လေးနွယ်ကို သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khin Lay Nwe’s fb
Credit – Cele Connections