ပရိတ္သတ္ၾကီးေရ ….. ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျပည္သူေတြအေပၚ အၾကမ္းဖက္ ၿဖိဳခြင္းမႈမ်ား ရွိတာေၾကာင့္ ျပည္သူေတြရဲ႕ ဝမ္းနည္းပူ ေဆြး ေသာကေတြကို အခုခ်ိန္မွာ ခြန္းအားအျဖစ္ ေျပာင္းလဲကာ စိတ္ဓာတ္ကို အျမင့္ဆုံးထိထားၿပီး အႏိုင္ယူၾကရေအာင္လို႔ သ႐ုပ္ေဆာင္ ေဒါင္းက ဆိုပါတယ္။

“က်ေနာ္တို႔ အားလုံးရဲ႕ ဝမ္းနည္းပူေဆြး ေသာကေတြကို အခုခ်ိန္မွာ ခြန္းအားအျဖစ္ ျပန္အသုံးခ်ဖို႔ ေျပာင္းလဲၾကရေအာင္ဗ်ာ။ က်ေနာ္တို႔ ေတာ္လွန္မယ့္ နည္းလမ္းေတြ အမ်ားႀကီး အသုံးျပဳေနၾကတယ္။ လမ္းတခုတည္းဆို တဖက္က ပိတ္ရလြယ္မယ္။ လမ္းေတြ အမ်ားႀကီးနဲ႔ ဝန္ထမ္းေတြ ျပည္သူေတြ အားလုံး ပူးေပါင္း လုပ္ေဆာင္ၾကမယ္ဗ်ာ။ က်ေနာ္တို႔ေတြ ႏိုင္ေတာ့မွာပါ။ စိတ္ဓာတ္ကို အျမင့္ဆုံးထိထားၿပီး အႏိုင္ယူၾကရေအာင္”လို႔ ေဒါင္းက ေျပာပါတယ္။

ကိုယ္တိုင္လည္း သတင္း အခ်က္အလက္ေတြကို အၿမဲ ဂ႐ုစိုက္တင္တယ္လို႔ ေဒါင္းက ဆိုပါတယ္။“အခုခ်ိန္မွာ က်ေနာ္ ကိုယ္တိုင္လည္း သတင္း အခ်က္အလက္ေတြကို အၿမဲ ဂ႐ုစိုက္ၿပီး ေတာ္႐ုံနဲ႔ မတင္ဘဲ ေနပါတယ္။ အေရးႀကီးတဲ့ သတ င္း ေတြရွိလာရင္ တင္မွာပါ။ ျပည္သူေတြကို စိတ္ဓာတ္က်ေစမယ့္၊ အားေလ်ာ့သြားေစမယ့္ သတင္းအမွားေတြဟာ အခုခ်ိန္ ျပည္သူေတြအ တြက္ အဆိပ္ျဖစ္သြားေစႏိုင္ပါတယ္။ သတင္းအမွားဆိုတာ သိရင္ အမွားအတိုင္း သတ္မွတ္ၾကရေအာင္ဗ်ာ”လို႔ ေဒါင္းက ေျပာပါတယ္။

အားလုံးစိတ္ပိုင္းဆိုင္ရာမွာ အနည္းအက်ဥ္းမက အထိနာခဲ့တာေၾကာင့္ အခ်င္းခ်င္း အားေပးၾက၊ တိုင္ပင္ၾကရင္း ဒဏ္ရာေတြကို ခြန္အားအ ျဖစ္ အသုံးခ် ေရွ႕ဆက္မယ္လို႔ ေဒါင္းက ဆိုပါတယ္။“ဒီလို အေျခအေနမွာ က်ေနာ္တို႔အားလုံး စိတ္ပိုင္းဆိုင္ရာမွာ အနည္းအက်ဥ္းမက အထိနာခဲ့ၾကတယ္။ နီးစပ္ရာ အစုအဖြဲ႕မ်ား ဖြဲ႕စည္းၿပီး အခ် င္းခ်င္း အားေပးၾက၊ တိုင္ပင္ၾကရင္း အဲ့ဒီ ဒဏ္ရာေတြကို ခြန္အားအျဖစ္ အသုံးခ် ေရွ႕ဆက္ၿပီး အဓမၼ သူပုန္မ်ားကို ေတာ္လွန္တဲ့ အ ေရး ေတာ္ပုံအား ဆက္လက္အသက္သြင္းရင္း ေအာင္စိတ္နဲ႔ အႏိုင္ယူၾကရေအာင္။ အေရးေတာ္ပုံ ေအာင္ေတာ့မည္”လို႔ ေဒါင္းက ေျပာ ထားပါတယ္။

သ႐ုပ္ေဆာင္ ေဒါင္းက ဒီအေၾကာင္းအရာေတြကို သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန ေျပာျပထားတာျဖစ္ၿပီး၊ ေဒါင္းဟာ အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲေတြမွာ တတပ္တအား ပါဝင္ေနသူ ျဖစ္ပါတယ္။ဒီလို လုပ္ရပ္ေတြက ပါတီစြဲ တခုခုေၾကာင့္ လုပ္ေနျခင္း မဟုတ္ဘဲ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္နဲ႔ ခ်စ္တဲ့ ႏိုင္ငံအေပၚမွာထားတဲ့ ရပ္တည္ခ်က္ တခုသာ ျဖစ္တယ္လည္း ေဒါင္းက ဆိုဖူးပါတယ္။

Credit…..

ပရိတ်သတ်ကြီးရေ ….. မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုများ ရှိတာကြောင့် ပြည်သူတွေရဲ့ ဝမ်းနည်းပူ ဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြောင်းလဲကာ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်လို့ သရုပ်ဆောင် ဒေါင်းက ဆိုပါတယ်။

“ကျနော်တို့ အားလုံးရဲ့ ဝမ်းနည်းပူဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြန်အသုံးချဖို့ ပြောင်းလဲကြရအောင်ဗျာ။ ကျနော်တို့ တော်လှန်မယ့် နည်းလမ်းတွေ အများကြီး အသုံးပြုနေကြတယ်။ လမ်းတခုတည်းဆို တဖက်က ပိတ်ရလွယ်မယ်။ လမ်းတွေ အများကြီးနဲ့ ဝန်ထမ်းတွေ ပြည်သူတွေ အားလုံး ပူးပေါင်း လုပ်ဆောင်ကြမယ်ဗျာ။ ကျနော်တို့တွေ နိုင်တော့မှာပါ။ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်းက ပြောပါတယ်။

ကိုယ်တိုင်လည်း သတင်း အချက်အလက်တွေကို အမြဲ ဂရုစိုက်တင်တယ်လို့ ဒေါင်းက ဆိုပါတယ်။“အခုချိန်မှာ ကျနော် ကိုယ်တိုင်လည်း သတင်း အချက်အလက်တွေကို အမြဲ ဂရုစိုက်ပြီး တော်ရုံနဲ့ မတင်ဘဲ နေပါတယ်။ အရေးကြီးတဲ့ သတ င်း တွေရှိလာရင် တင်မှာပါ။ ပြည်သူတွေကို စိတ်ဓာတ်ကျစေမယ့်၊ အားလျော့သွားစေမယ့် သတင်းအမှားတွေဟာ အခုချိန် ပြည်သူတွေအ တွက် အဆိပ်ဖြစ်သွားစေနိုင်ပါတယ်။ သတင်းအမှားဆိုတာ သိရင် အမှားအတိုင်း သတ်မှတ်ကြရအောင်ဗျာ”လို့ ဒေါင်းက ပြောပါတယ်။

အားလုံးစိတ်ပိုင်းဆိုင်ရာမှာ အနည်းအကျဉ်းမက အထိနာခဲ့တာကြောင့် အချင်းချင်း အားပေးကြ၊ တိုင်ပင်ကြရင်း ဒဏ်ရာတွေကို ခွန်အားအ ဖြစ် အသုံးချ ရှေ့ဆက်မယ်လို့ ဒေါင်းက ဆိုပါတယ်။“ဒီလို အခြေအနေမှာ ကျနော်တို့အားလုံး စိတ်ပိုင်းဆိုင်ရာမှာ အနည်းအကျဉ်းမက အထိနာခဲ့ကြတယ်။ နီးစပ်ရာ အစုအဖွဲ့များ ဖွဲ့စည်းပြီး အချ င်းချင်း အားပေးကြ၊ တိုင်ပင်ကြရင်း အဲ့ဒီ ဒဏ်ရာတွေကို ခွန်အားအဖြစ် အသုံးချ ရှေ့ဆက်ပြီး အဓမ္မ သူပုန်များကို တော်လှန်တဲ့ အ ရေး တော်ပုံအား ဆက်လက်အသက်သွင်းရင်း အောင်စိတ်နဲ့ အနိုင်ယူကြရအောင်။ အရေးတော်ပုံ အောင်တော့မည်”လို့ ဒေါင်းက ပြော ထားပါတယ်။

သရုပ်ဆောင် ဒေါင်းက ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပြောပြထားတာဖြစ်ပြီး၊ ဒေါင်းဟာ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေသူ ဖြစ်ပါတယ်။ဒီလို လုပ်ရပ်တွေက ပါတီစွဲ တခုခုကြောင့် လုပ်နေခြင်း မဟုတ်ဘဲ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ချစ်တဲ့ နိုင်ငံအပေါ်မှာထားတဲ့ ရပ်တည်ချက် တခုသာ ဖြစ်တယ်လည်း ဒေါင်းက ဆိုဖူးပါတယ်။

Credit…..