ပရိသတ္ႀကီးေရ……ဒါရိုက္တာ ဏႀကီးကေတာ့ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔တည္းကစၿပီး ျမန္မာ နိုင္ငံအတြင္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပက္သက္ၿပီး ျပည္သူလူထုနဲ႔အတူ အမွန္တရား ဘက္ကေန ရဲရဲဝံဝံ ရင္ထဲက ဆႏၵအမွန္ေတြကို ေဖာ္ထုတ္ေနတာ ပဲျဖစ္ပါတယ္။ဒါရိုက္တာ ဏႀကီးက သူရဲ့ခ်စ္ဇနီး ပိုင္ၿဖိဳးသုနဲ႔အတူ ျပည္သူေတြနဲ႔တစ္သားတည္း ရပ္တည္ကာ လမ္းမထက္တြင္ ၿငိမ္းခ်မ္းစြာ လုပ္ေဆာင္ေနၾကတာ ျဖစ္ၿပီး ပရိသတ္ေတြကလည္း ခ်စ္ခင္အားေပးရက်ိဳး နပ္လို႔ ခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္။

အခုလိုအေျခအေနမ်ိဳးတြင္ အႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ားက စည္းလုံညီညႊတ္စြာ ျပည္သူေတြကို တတ္နိုင္သေလာက္ အားေပးကူညီေဖးမ ကာအလႉအတန္းေတြ မ်ားစြာကိုလည္း ျပဳလုပ္ေနၾကတာ ပဲျဖစ္ပါတယ္။ဒါရိုက္တာ ဏႀကီးက လက္ရွိအခ်ိန္မွာေတာ့ လမ္းမေပၚတြင္ လူထုလႈပ္ရွားမႈမွာ မပါဝင္နိုင္ေတာ့ ေပမယ့္လည္း သူရဲ့ Facebook စာမ်က္ႏွာထက္တြင္ ျပည္သူေတြ အတြက္ သတင္းအခ်က္အလက္မ်ားနဲ႔ လုပ္နိုင္ သေလာက္ ဆက္လက္လုပ္ေဆာင္ ၾကဖို႔ကို ေျပာၾကားေပးေနတာ ျဖစ္ပါတယ္။

ဒီေန႔မွာဆိုရင္လည္း ဒါရိုက္တာ ဏႀကီးက သူရဲ့ လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္ “ကၽြန္ေတာ္တို႔ လုပ္နိုင္တာေတြကို နိုင္သေလာက္ လုပ္ၾကရေအာင္ဗ်ာ။ CDM ေတြအားေလ်ာ့ မသြားေအာင္ ဝိုင္းႀကီးခ်ဳပ္ပုံစံနဲ႔ ကူညီၾကရေအာင္။ (ရပ္ကြက္အလိုက္၊ ၿမိဳ႕နယ္အလိုက္ နီးစပ္ရာ)ျပည္သူ႔ CDM ကေတာ့ Social Punishment ပါ။ အရမ္းထိ ေရာက္ပါတယ္။ ကၽြန္ေတာ္တို႔ အဖက္မလုပ္ဘဲ ေနၾကရေအာင္။တပ္ပိုင္ ထုတ္ကုန္ မွန္သမၽွ မသုံးပါနဲ႔။ MyTel မသုံးပါနဲ႔။ ဖုန္းထဲမွာရွိေနတဲ့ MyTel နံပါတ္ေတြ (သူငယ္ခ်င္းေတြ ျဖစ္ေနပါေစ) Block ျပစ္ပါ။ တစ္ျပားတစ္ခ်ပ္မွ မေပးမိပါေစနဲ႔။ တ႐ုတ္ ပစၥည္းေတြ မသုံးပါနဲ႔။ (တ႐ုတ္ကလာတဲ့ အသီးပါ မစားပါနဲ႔) ကၽြန္ေတာ္တို႔ေတြ စည္းလုံးေနဖို႔လိုပါတယ္။ (ရန္ေတြေနာက္မွ ျဖစ္ရေအာင္ဗ်ာ။) ခုခ်ိန္မွာ အားလုံးရဲ့ အားကို လိုပါတယ္။”ဆိုၿပီး ေရးသားေဖာ္ျပေပးလာတာ ျဖစ္ပါတယ္။ဒါရိုက္တာ ဏႀကီးရဲ့ စာသားေလးကို တစ္ဆင့္ ျပန္လည္ကူးယူ ေဝမၽွေပးလိုက္ပါတယ္။

Photo Credit – Na Gyi FB Account
Credit…..

ပရိသတ်ကြီးရေ……ဒါရိုက်တာ ဏကြီးကတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းကစပြီး မြန်မာ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်ပြီး ပြည်သူလူထုနဲ့အတူ အမှန်တရား ဘက်ကနေ ရဲရဲဝံဝံ ရင်ထဲက ဆန္ဒအမှန်တွေကို ဖော်ထုတ်နေတာ ပဲဖြစ်ပါတယ်။ဒါရိုက်တာ ဏကြီးက သူရဲ့ချစ်ဇနီး ပိုင်ဖြိုးသုနဲ့အတူ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ကာ လမ်းမထက်တွင် ငြိမ်းချမ်းစွာ လုပ်ဆောင်နေကြတာ ဖြစ်ပြီး ပရိသတ်တွေကလည်း ချစ်ခင်အားပေးရကျိုး နပ်လို့ ချီးကျူးနေကြတာ ဖြစ်ပါတယ်။

အခုလိုအခြေအနေမျိုးတွင် အနုပညာရှင် တော်တော်များများက စည်းလုံညီညွှတ်စွာ ပြည်သူတွေကို တတ်နိုင်သလောက် အားပေးကူညီဖေးမ ကာအလှူအတန်းတွေ များစွာကိုလည်း ပြုလုပ်နေကြတာ ပဲဖြစ်ပါတယ်။ဒါရိုက်တာ ဏကြီးက လက်ရှိအချိန်မှာတော့ လမ်းမပေါ်တွင် လူထုလှုပ်ရှားမှုမှာ မပါဝင်နိုင်တော့ ပေမယ့်လည်း သူရဲ့ Facebook စာမျက်နှာထက်တွင် ပြည်သူတွေ အတွက် သတင်းအချက်အလက်များနဲ့ လုပ်နိုင် သလောက် ဆက်လက်လုပ်ဆောင် ကြဖို့ကို ပြောကြားပေးနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း ဒါရိုက်တာ ဏကြီးက သူရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် “ကျွန်တော်တို့ လုပ်နိုင်တာတွေကို နိုင်သလောက် လုပ်ကြရအောင်ဗျာ။ CDM တွေအားလျော့ မသွားအောင် ဝိုင်းကြီးချုပ်ပုံစံနဲ့ ကူညီကြရအောင်။ (ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် နီးစပ်ရာ)ပြည်သူ့ CDM ကတော့ Social Punishment ပါ။ အရမ်းထိ ရောက်ပါတယ်။ ကျွန်တော်တို့ အဖက်မလုပ်ဘဲ နေကြရအောင်။တပ်ပိုင် ထုတ်ကုန် မှန်သမျှ မသုံးပါနဲ့။ MyTel မသုံးပါနဲ့။ ဖုန်းထဲမှာရှိနေတဲ့ MyTel နံပါတ်တွေ (သူငယ်ချင်းတွေ ဖြစ်နေပါစေ) Block ပြစ်ပါ။ တစ်ပြားတစ်ချပ်မှ မပေးမိပါစေနဲ့။ တရုတ် ပစ္စည်းတွေ မသုံးပါနဲ့။ (တရုတ်ကလာတဲ့ အသီးပါ မစားပါနဲ့) ကျွန်တော်တို့တွေ စည်းလုံးနေဖို့လိုပါတယ်။ (ရန်တွေနောက်မှ ဖြစ်ရအောင်ဗျာ။) ခုချိန်မှာ အားလုံးရဲ့ အားကို လိုပါတယ်။”ဆိုပြီး ရေးသားဖော်ပြပေးလာတာ ဖြစ်ပါတယ်။ဒါရိုက်တာ ဏကြီးရဲ့ စာသားလေးကို တစ်ဆင့် ပြန်လည်ကူးယူ ဝေမျှပေးလိုက်ပါတယ်။

Photo Credit – Na Gyi FB Account
Credit…..