ပရိသတ်အချစ်တော် စွမ်းဇာနည် ကတော့ ဇာတ်သဘင် လောကမှာ အောင်မြင်မှုတွေနဲ့ နေရာ တစ်နေရာ ရရှိနေတဲ့ ဇာတ်မင်းသားလေး တစ်ဦးပဲ ဖြစ်ပါတယ် ။ စွမ်းဇာနည်ဟာ ဆိုရင် ပရိသတ်တွေကို သူ့ရဲ့အကပညာ ၊အဆိုပညာတွေနဲ့ မငြီးငွေ့ ရလောက်အောင် ဖျော်ဖြေတတ်သူ လည်း ဖြစ်ပါတယ် ။ ဒါ့အပြင် စွမ်းဇာနည်က ရုပ်ရှင်သရုပ်ဆောင် မင်းသား တစ်ဦး အဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

စွမ်းဇာနည်ကတော့ အောင်မြင်မှုကို မထိန်းနိုင်ခဲ့ပဲ လမ်းမှားကိုလိုက်ခဲ့ မိတာပဲဖြစ်ပါတယ်။ (၂)နှစ်နီးပါးလောက်နေ့တိုင်း နေ့တိုင်းဆေးသုံး ခဲ့တဲ့ စွမ်းဇာနည်ဟာ ယခုအချိန်အမှာတော့ အမှားတွေကို စွန့်လွှတ်ပြီး လူကောင်း တစ်ယောက်ဖြစ်ေ အာင်ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ စွမ်းဇာနည်က “ကျွန်တော်အရင်လို မဆိုးတော့ဘူး.ကောင်းတာတွေပဲ လုပ်ဖို့ဆုံးဖြတ်လိုက်ပြီ” ဆိုပြီးပြော လာ ခဲ့ပါတယ်။

လတ်တလော မှာတော့ စွမ်းဇာနည်ဟာ စိန်ပစ္စည်းတွေကို Live လွှင့်ရောင်းနေ တာပဲဖြစ်ပါတယ်။ ဇာတ်ပြန်ကဖို့ ကိုလဲ သူရဲ့ အဖွဲ့သားတွေနဲ့အတူ ကြိုးစားလေ့ကျင့်နေပြီ ပဲဖြစ်ပါတယ်။ အမှားတွေကို စွန့်လွှတ်ပြီး လူတွေရဲ့ယုံကြည်မှုကို ပြန်လည်ရရှိဖို့ ကြိုးစား နေတဲ့ စွမ်းဇာနည်ကို ပရိသတ်ကြီး ကလဲ အားပေးကြပါဦးနော်။

Credit:Swelsone News