ပရိတ္သတ္ၾကီးေရ…..ေ၀ဠဳေက်ာ္ ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ အခိုင္အမာရရွိထားတဲ့အျပင္ ပရဟိတအလုပ္ေတြကို ဆက္တိုက္ လုပ္ေဆာင္မႈေတြေၾကာင့္လည္း ပရိသတ္ေတြရဲ့ ေလးစားခ်စ္ခင္ေနၾကရသူေတြထဲမွာ အကယ္ဒမီမင္းသားႀကီးေဝဠဳေက်ာ္ကလည္း အပါအဝင္ပါပဲ..။ လက္ရွိအေျခအေနေတြမွာ လႉဒါန္းမႈေတြ ဆက္တိုက္ျပဳလုပ္ေနတဲ့ ေဝဠဳေက်ာ္ကေတာ့ စားဝတ္ေနေရး ခက္ခဲေနၾကတဲ့ ျပည္သူေတြ အတြက္ စားနပ္ရိကၡာေတြ ကိုယ္တိုင္ေပးေဝလႉဒါန္းရင္း အဖိုးအဖြားေတြကိုလည္း ဂါဝရျပဳကန္ေတာ့ခဲ့တာ ေတြ႕ရပါတယ္..။

ဒီကေန႔မတ္လ(၃၁)ရက္ေန႔မွာ ေတာင္ဒဂုံၿမိဳ႕နယ္က ခက္ခဲေနၾကတဲ့ျပည္သူေတြ အတြက္ ဆန္နဲ႔ အျခား စားေသာက္ကုန္ေတြ ကို ကိုယ္တိုင္ကိုယ္က်လိုက္လံလႉဒါန္းၿပီး သက္ႀကီးရြယ္အိုအဖိုးအဖြားေတြကို အားေပးစကားေတြေျပာရင္း ေဖးမကူညီဂါဝရျပဳခဲ့တာပါ..။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကေတာ့ ေန႔တိုင္း လိုလိုလႉဒါန္းမႈေတြျပဳလုပ္ေနတာျဖစ္ၿပီး ေစတနာရွင္ေတြပီတိ ကုသိုလ္ယူနိုင္ဖို႔ ကိုလည္း ေဖာင္ေဒးရွင္းရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာကေန အလႉပုံရိပ္ေတြကို ျပန္လည္ေဝမၽွထားပါေသးတယ္..။

“31-3-2021 ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ ယေန႔ ေတာင္ဒဂုံၿမိဳ႕နယ္မွ လိုအပ္ေနေသာ အိမ္ေထာင္စု ၁၀၀ သို႔ ဆန္ ၃ျပည္ စီ ၾကက္သြန္ ငါးပိ အာလူး တို႔အား သြားေရာက္ ကူညီ ေထာက္ပံ့ေပးခဲ့ပါသည္။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း 09455500010(K Pay)(U Soe Thein) 09455500014 09776089484(Wave). .” ဆိုၿပီး အလႉ ပုံရိပ္ေတြကို ေဝမၽွရင္း ဆက္သြယ္လႉဒါန္းနိုင္ဖို႔ကိုလည္း ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းရဲ့ Acc ေတြကိုလည္း အသိေပးေျပာျပထားတာ ေတြ႕ရပါတယ္..။ လိုအပ္ေနတဲ့ ျပည္သူေတြအတြက္ ထိေရာက္စြာ ကိုယ္တိုင္ ကိုယ္က်မနားမေန လိုက္လံလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ ေဝဠဳေက်ာ္ တို႔အဖြဲ႕ကိုလည္း ပရိသတ္ေတြက အားေပးစကားေတြေျပာထားၾကပါတယ္..။

Photo Credit – Wai Lu Kyaw Foundation’s Fb Page
Credit…..

ပရိတ်သတ်ကြီးရေ…..ဝေဠုကျော် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကို ဆက်တိုက် လုပ်ဆောင်မှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ လေးစားချစ်ခင်နေကြရသူတွေထဲမှာ အကယ်ဒမီမင်းသားကြီးဝေဠုကျော်ကလည်း အပါအဝင်ပါပဲ..။ လက်ရှိအခြေအနေတွေမှာ လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ဝေဠုကျော်ကတော့ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် စားနပ်ရိက္ခာတွေ ကိုယ်တိုင်ပေးဝေလှူဒါန်းရင်း အဖိုးအဖွားတွေကိုလည်း ဂါဝရပြုကန်တော့ခဲ့တာ တွေ့ရပါတယ်..။

ဒီကနေ့မတ်လ(၃၁)ရက်နေ့မှာ တောင်ဒဂုံမြို့နယ်က ခက်ခဲနေကြတဲ့ပြည်သူတွေ အတွက် ဆန်နဲ့ အခြား စားသောက်ကုန်တွေ ကို ကိုယ်တိုင်ကိုယ်ကျလိုက်လံလှူဒါန်းပြီး သက်ကြီးရွယ်အိုအဖိုးအဖွားတွေကို အားပေးစကားတွေပြောရင်း ဖေးမကူညီဂါဝရပြုခဲ့တာပါ..။ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ နေ့တိုင်း လိုလိုလှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပြီး စေတနာရှင်တွေပီတိ ကုသိုလ်ယူနိုင်ဖို့ ကိုလည်း ဖောင်ဒေးရှင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အလှူပုံရိပ်တွေကို ပြန်လည်ဝေမျှထားပါသေးတယ်..။

“31-3-2021 ဝေဠုကျော်ဖောင်ဒေးရှင်းမှ ယနေ့ တောင်ဒဂုံမြို့နယ်မှ လိုအပ်နေသော အိမ်ထောင်စု ၁၀၀ သို့ ဆန် ၃ပြည် စီ ကြက်သွန် ငါးပိ အာလူး တို့အား သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့ပါသည်။ ဝေဠုကျော်ဖောင်ဒေးရှင်း 09455500010(K Pay)(U Soe Thein) 09455500014 09776089484(Wave). .” ဆိုပြီး အလှူ ပုံရိပ်တွေကို ဝေမျှရင်း ဆက်သွယ်လှူဒါန်းနိုင်ဖို့ကိုလည်း ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ Acc တွေကိုလည်း အသိပေးပြောပြထားတာ တွေ့ရပါတယ်..။ လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထိရောက်စွာ ကိုယ်တိုင် ကိုယ်ကျမနားမနေ လိုက်လံလှူဒါန်းမှုတွေပြုလုပ်နေတဲ့ ဝေဠုကျော် တို့အဖွဲ့ကိုလည်း ပရိသတ်တွေက အားပေးစကားတွေပြောထားကြပါတယ်..။

Photo Credit – Wai Lu Kyaw Foundation’s Fb Page
Credit…..