


Credit : Swelsone News

ပရိတ်သတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားပြီး သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တာ ဖြစ်ပါတယ် ။ ချမ်းချမ်းရဲ့အသံလေးက နားဝင်ချိုပြီး နားထောင်လို့ကောင်းတာကြောင့် ပရိသတ်တွေက သဘောကျနှစ်ခြိုက်ကြတာ ဖြစ်ပါတယ် ။ ချမ်းချမ်းသီဆိုခဲ့တဲ့ တေးသီချင်းတွေ တော်တော်များများကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး အောင်မြင်နေလေ့ရှိတာပဲ ဖြစ်ပါတယ် ။

အခုဆိုရင် ချမ်းချမ်းက ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး မကြာခင်မှာပဲ ကလေးနှစ်ယောက်မေမေဘဝကို ရောက်ရှိတော့မှာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ချမ်းချမ်းက သူမရဲ့ရင်သွေးလေးကို မွေးဖွားဖို့အတွက် အီတလီနိုင်ငံကို တစ်ယောက်တည်းခရီးထွက်လာခဲ့တာ ဖြစ်ပါတယ် ။ လေယာဉ်တွေအဆင့်အဆင့်စီးပြီး ခရီးဆက်နေတဲ့ ချမ်းချမ်းက သူမရဲ့လှုပ်ရှားမှုတွေအားလုံးကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ချမ်းချမ်းက သမီးကြီးဂင်္ဂါကိုသတိရနေကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ် ။

ချမ်းချမ်းက “Before flight to Doha…going around the duty free and kids play ground …I miss my baby ginngar! Goodbye Korea..I m coming Doha! Be positive..be strong.” ဆိုပြီး ပုံလေးတွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ် ။ ချမ်းချမ်းရေးသားထားတာကတော့ Doha ကိုမသွားခင်မှာ ကိုရီးယားကိုဖြတ်ရင်းနဲ့ လေဆိပ်က ကစားကွင်းလေးကို မြင်လိုက်ရလို့ သမီးကြီးမြမိုးဂင်္ဂါကို သတိရသွားမိကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ အီတလီကိုရောက်ရှိဖို့အတွက် Doha ကိုခရီးဆက်နေတဲ့ ချမ်းချမ်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံးပျော်ရွှင်သောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit : Swelsone News