ပရိတ်သတ်ကြီးရေ…ပြည်သူချစ်ဂီတအနုပညာရှင်တစ်ယောက်ဖြစ်တဲ့အဆိုတော်ရေဗက္ကာဝင်းဟာဆိုရင်တေးသီကောင်းတွေကိုသီဆိုရင်းဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြဟ်ပါတယ်နော်။သူမသီဆိုခဲ့တဲ့သီချင်းတစ်ပုဒ်ချင်းဆီတိုင်းကလည်း ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ထပ်တူကြခဲ့တဲ့အတွက် သီချင်းသစ်တစ်ပုဒ်ထွက်တိုင်းမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အောင်မြင်မှုတွေနဲ့ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ရေဗက္ကာဝင်းက စိတ်ထားဖြူစင်လွန်တဲ့အပြင် ဗုဒ္ဓဘာသာဝင်တစ်ယောက်မဟုတ်ပေမယ့်လည်းအလှူအတန်းကို လက်မနှေးပဲလှူဒါန်းခဲ့တဲ့သူလည်းဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ပြည်သူတေကို သူမကိုယ်တိုင်ထမင်းဟင်းတွေကိုချက်ပြုတ်ပြီးလှူဒါန်းခဲ့တာကိုလညး်ဝမ်းမြောက်စွာတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်နော်..။စိတ်ထားဖြူစင်တဲ့ရေဗက္ကာဝင်းဟာ အိမ်ထောင်ရေးမှာတော့ ကံမကောင်းစွာနဲ့ပဲခင်ပွန်းဖြစ်သူနဲ့လမ်းခွဲခဲ့ရတာပဲဖြစ်ပါတယ်.။ခင်ပွန်းဟောင်းဖြစ်သူနဲ့တခြားနာမည်ကြီးမင်းသမီးတစ်ယောက်တို့ဖောက်ပြန်နေကြမှုကိုလည်း သူမကလျစ်လျူရှုနေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ခင်ပွန်းရဲ့သစ္စာမဲ့မှုကြောင့်လမ်းခွဲလိုက်တဲ့သူမက အချိန်အတော်ကြာအောင်စိတ်ဖိစီးမှုတွေကိုခံစားခဲ့ရပါသေးတယ်နော်..။
လက်ရှိအချိန်မှာတော့ ဘုရားတရားနဲ့အလှူအတန်းပေါ်မှာပဲအာရုံစိုက်ပြီးတည်ငြိမ်စွာနဲ့နေလာခဲ့တဲ့သူမက ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အချစ်သစ်တွေ့သွားပြီ ဆိုတဲ့အကြောင်းကိုပရိတ်သတ်တွေကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ “In a Relationship ” ဆိုတဲ့စာသားလေးနဲ့ပရိတ်သတ်ကိုအံ့သြသွားအောင်စပရိုက်လုပ်ခဲ့တာပဲဖြစ်ပါတယ်နော်..။သူမရဲ့ချစ်သူက ဘယ်သူဘယ်ဝါဆိုတာတော့ထုတ်ဖော်ပြောပြခြင်းမရှိသေးပါဘူးနော်..။သူမကိုချစ်တဲ့ပရိတ်သတ်တွေကတော့သူမအပေါ်သစ္စာရှိပြီး တကယ့်မေတ္တာအစစ်အမှန်တဲ့ချစ်နိုင်တဲ့သူမျိုး့ဖြစ်ပါစေဆိုပြီးဆုတောင်းပေးထားတာကိုလည်းတွေ့မြင်ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Source ; Rebecca Win Facebook Acc
Credit; Celebrity Platforms