ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ နှစ်ဦးဟာ အိမ်ထောင်သက် (၁၁) နှစ်မှာ နှစ်ဦးသဘောတူကွာရှင်းပြီး ကိုယ့်လမ်းကိုယ် လျှောက်နေကြတာ အချိန်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်နော်။ သမီးလေးမွေးနေ့ရောက်မှသာ နှစ်ယောက်အတူတွေ့ဆုံကြတဲ့ ဆက်ဆံရေးဖြစ်ပြီး မနေ့က ဘုဏ်းသိုက်ရဲ့အင်တာဗျူးအောက်မှာ အပြစ်တင်ပြောဆိုနေကြတဲ့ လူတစ်ချို့ ကိုတော့ ချမ်းချမ်းတစ်ယောက် အဖြစ်မှန်တွေကို ပြောပြလာ ခဲ့ပါပြီနော်စာကိုဆုံးအောင်ဖတ်ပေးပါနော်..ပြီးရင်ကြိုက်သလိုပြော .. ဟုတ်တယ် ဆရာဂျွန်…လူတွေဟာ..သူတို့မြင်သလောက်ထင်သလောက်ပဲ ပြောနေကြတာ….သမီးတို့ဘဝအကြောင်းကိုမသိခဲ့ကြဘူး…ဒါပေမဲ့ သမီးအဖြစ်မှန်တွေပြောမှရတော့မယ်…ဒါကလည်း နောက်မွေးလာမယ့်သမီးလေးရယ်..ဂင်္ဂါလေးရဲ့ အနာဂတ်အတွက် အမုန်းခံပြီးပြောရတော့မှာပဲ…ကျွန်မအပေါ်မှာသမီးလေးတွေ အဖြစ်မှန်မသိပဲ တစ်သက်လုံး တဖက်ပိတ်စိတ်ဒဏ်ရာနဲ့မကြီးပျင်းစေချင်လို့အခုတော့ အမုန်းခံပြီးပြောတော့မယ်..သမီးတို့သမီးရည်းစားဘဝကတည်းက ဘယ်သူတွေဘာပဲထင်ထင် အမြဲကာကွယ်ပေးခဲ့..ရန်ဖြစ်တိုင်းဖြေရှင်းပေး ခဲ့တယ် အိမ်ထောင်ရေးတစ်ခု ဖောက်ပြန်ခံရတော့လည်း ဆရာကိုယ်တိုင်အဲ့ဒီအမျိုးသမီးကိုဖုန်းဆက်ပြီးသတိပေးခဲ့လို့.သူတို့ကြောက်ပြီးနောက်ဆုတ်ခဲ့တယ်…ဆက်ရှေ့တိုးမလား..နင့်ရာဇဝင်တွေဖော်လိုက်လို့ ထမင်းငတ်ချင်လားလို့မေးလိုက်တော့မှ ငြိမ်ကျသွားတာမျိုးတွေ…ဆရာစောင့်ရှောက်ကူညီပေးခဲ့တာမမေ့ပါဘူး… ကိုယ့်ယောကျာ်းဘယ်သွားဘယ်ရောက်ရောက် ဘာလုပ်နေလဲသိအောင် ရောက်လေရာအရပ်မှာ ဆရာ့အ သိတွေကိုစုံစမ်းပြီးသမီးအတွက် ကြိုးစားပေးခဲ့တယ်…သမီးအကောင်းဆုံးကြိုးစားခဲ့တယ်..ပင်ပန်းခြေကုန်လက်ပန်းကျလွန်းလို့လက်လျော့ခဲ့တာပါ…ရှုတင်တွေနောက်လိုက်ပြီး ပုဆိုးထုတ်ဆွဲမိတ်ကပ်ကအစလိုက်ပြင်ပေးပြီးကလေးတစ်ဖက်နဲ့ အလုပ်တွေဖျက်ပြီးအိမ်ထောင်ရေးတစ်ခု ကိုပြန်အဖက်ဆယ်ခဲ့ပေမဲ့..ဂရုစိုက်ခြင်းမခံခဲ့ရဘူး…ကြိတ်ပြီးဖြေရှင်းခဲ့တာဆရာအသိဆုံးပါ..လူရင်းတွေနှစ်ဖက်မိဘတွေသက်သေရှိတယ်.. သူ့ရဲ့ရှုတင်တွေဖြစ်တဲ့ နေရယ်လရယ်အမှန်တရားရယ်ရိုက်နေတုန်းပြင်ဦးလွင်ကိုသမီးနဲ့လိုက်လာပြီး valentine dayမှာထပ်ပေါင်းဖို့ကြိုးစားခဲ့တယ်.စားကျက် ရုပ်ရှင်ရိုက်တော့လည်း အောင်ပန်းအထိလိုက်ပြီးသမီးနဲ့ နေပေးခဲ့ပေမယ့်

ကလေးကိုသာဂရုစိုက်ပြီးကိုယ့်ကိုမရှိသလိုမာနတပြားမှမလျော့ဘဲ လျစ်လျူရှုခံခဲ့ရတာတွေဟာ….တခါတလေ ငါဟာတော်တော် ရူးခဲ့တဲ့မိန်းမပဲလို့…ကိုယ့်ကိုမလိုချင်လို အစားထိုးခံရတာတောင်ဘာအပြစ်လုပ်မိလို့လဲလို့အကြိမ်ကြိမ်တိုင်ပတ်နေတဲ့မိန်းမ….ရှုတင်က မီးထိုးမှန်ထိုးကလေးတွေရယ်..ဇာတ်ပို့ဇာတ်ရံတွေနဲ့…သမီးလေးကိုပိုက်ပြီး တစ်ညလုံး ရှုတင်မှာမီးပုံဘေးထိုင်စောင့်ခဲ့ရတဲ့ညတွေ.. သူရှိရာအရပ်တိုင်းဒီမိန်းမအမြဲရောက်နေတာတွေ..စိတ်မချစွာနဲ့ပြန်သွားရတာတွေ…ဘာအကြောင်းပြချက်မှမရှိပဲ ပစ်ထားခံရတာတွေကိုအခုကဲ့ရဲ့ပြောဆိုနေကြသူတွေတွေးရောတွေးမိကြရဲ့လားမျက်ရည်ချူဆိုချူလို့ရတယ်…ချူစရာမလိုဘူး..ဒါဟာဖြစ်ရပ်မှန်တွေ…သက်သေတွေရှိတယ်မေးချင်ရင်မေးလို့ရတယ်…..အိမ်ထောင်တစ်ခုမှာ မိန်းမကိစ္စနဲ့ မူးယစ်ဆေးဝါး..အပေါင်းအသင်းတွေပါလာရင်..ကလေးတစ်ဖက်နဲ့ အိမ်အလုပ်ရော…ပိုက်ဆံရှာတဲ့အလုပ်ပါလုပ်ရတဲ့ အမျိုးသမီးတစ်ယောက်..ထောင့်ပေါင်းစုံတော့လိုက်မဖြည့်ဆည်းနိုင်ဘူး…မှန်တယ်..ကျွန်မလစ်ဟင်းကောင်းလစ်ဟင်းခဲ့တာတွေရှိမယ်…ကျွန်မလည်းလူပဲ..ဘက်စုံမထူးချွန်နိုင်ဘူး…လူ့စိတ်ကသာ အဓိကမဟုတ်လား..အိမ်ထောင်တစ်ခုမှာ ကိုယ်ကလိုက်ထိန်းနေရပြီဆိုကတည်းက ဘယ်လိုစိတ်ချမ်းသာမှုတွေရှိနိုင်မှာလဲ..မရှုပ်ချင်တဲ့သူကိုသူ့ရှေ့ကိုယ်တုံးလုံးချွတ်ပြလဲ လုပ်မှာ မဟုတ်ဘူး..စိတ်ကအဓိကပဲမဟုတ်လား…မပြောချင်ပေမဲ့.. လက်ရှိမှာကိုယ့်ဘဝကိုယ်တည်ငြိမ်အောင်ကြိုးစားနေတဲ့မိန်းမတယောက်ကို…နှမ်းစိလောက်တောင်မသိကြတဲ့သူတွေက ကလေးတစ်ယောက် အင်တာဗျူးကိုကြည့်ပြီးဝိုင်းဝေဖန်အပြစ်တင်ရိုင်းစိုင်းကြတာ…အော်…စိတ်မဆိုးပါဘူး… စိတ်မကောင်းဖြစ်တာ..ကျွန်မလောက်ကျွန်မဘဝကို ပိုသိနေကြတယ်လား… အကြောင်းစုံ..လက်တွေ့တစ်ခုလောက်မေးကြည့်မယ်နော်..ကျွန်မအပြစ်မတင်ဘူး…ကျွန်မနေရာမှာ..ညီမလေးတို့ကိုယ်တိုင်..ဒါမှမဟုတ်..ကိုယ့်အစ်မ..ကိုယ့်အမေ.. ကိုယ့်ညီမဆို ဒီလိုသည်းခံခဲ့မှာလား…

ကလေးစရိတ်..ကလေးကျောင်းဖိုးကလေး ကုန်ကျစရိတ်ဘယ်လောက်ကြီးတယ်ဆိုတာ မိဘဖြစ်သူတိုင်းသိမှာပါ..သမီးလေးမမွေးခင် ကိုယ်ဝန်ကြီးနဲ့..ကိုယ့်ယောကျာ်းကိုအိမ်မကပ်အောင် မင်္ဂလာဈေးအပေါ်ထပ်က ကြက်တန်းကိုလက်ဝှေ့ရုံလုပ်မယ့် ပရောဂျက်အတွက်ကိုယ့်ယောကျာ်းဆီကအကြံညဏ်လိုချင်လို့ နေ့ရောညပါ..ဟိုတယ်ခေါ်လိုက်..အမြင်နိုင်မကြားနိုင်တဲ့နေရာမှာ ဇာတ်လမ်းတေကြားလိုက်နဲ့..ဂျပန်ကသူဌေးဆိုပြီး အိမ်ပေါ်တက်လာပြီးကိုယ့်ယောကျာ်းကို ခေါ်ထုတ်သွားခဲ့တဲ့ သူငယ်ချင်းအပေါင်းသင်းကောင်းတွေ…ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်ဝမ်းလျောဝမ်းပျက်တာတောင် ငါ့ယောကျာ်း ..ဘယ်ရောက်နေလဲ…လိုက်ရှာခဲ့ရတဲ့အဖြစ်တွေ…ကျွန်မသဘောကောင်းခဲ့တယ်…ဘာလိုချင် လိုချင် အိမ်ကအစ..ကားကအစ..အကုန် တာဝန်ယူ အကြိုက်လိုက်ပေး..လက်ဆောင်ဝယ်ပေးခဲ့တာ..အခု အကြွေးတစ်သိုက်နဲ့အခုချိန်ထိရှင်းနေရတာတွေ..ဟုတ်တယ်..ကျမဟာပုံပြင်တွေလဲပြောချိန်မရဘူး…မကောင်းတာတွေ့ရင်သမီးလေး မလုပ်အောင်သင်ပေးတယ်…လိုအပ်တာတွေအတွက် ပိုက်ဆံကိုမပြတ်သွားအောင် အချိန်နဲ့အမျှ တာဝန်တွေအကုန်ယူပြီးရှာကျွေးတာ ဒီနေ့အထိ…ကျွန်မကျေနပ်တယ်…ကျွန်မထိုက်နဲ့ကျွန်မကံ… ဘန်ကောက်မှာဇာတ်လမ်းတွဲရိုက်တော့လဲ သမီးမွေးနေ့ အတွက် ဘန်ကောက်ရှုတင်ကိုမရောက်ခင်အထိ ယိုးဒယားတစ်ဖွဲ့လုံးကသူတို့ကို အရမ်းချစ်စရာကောင်းတဲ့ ရည်းစားတွေ..သရုပ်ဆောင်ရင်းချစ်သွားကြလို့.ဝမ်းသာနေကြတုန်းကိုယ်ကသမီးနဲ့ရောက်ချလာတော့.အားလုံးကြောင်တောင်တောင်ဖြစ်ကုန်တာတွေ…ကိုယ်တွေမှာ အသက်ရှင်လျက်အသတ်နုတ်ခံထားရသလိုခံစားချက်တွေ..

ကိုယ်မရှိတုန်းကိုယ့်ယောကျာ်းအခန်းထဲ တစ်ချိန်လုံးဝင်ထွက်နေတာတွေ…ကိုယ်လာတော့ ကိုယ့်ယောကျာ်းက ကိုယ့်ကိုအမြင်မကြည်တော့တာတွေ စိတ်မပါတော့တာတွေကို အိမ်ထောင်ဖက် တစ်ယောက်အနေနဲ့…မိန့်မိန့်ကြီးအရူးမကြီး…စောက်ရူးမကြီးအဖြစ်ခံပြီးကာကွယ်ပေးခဲ့ကြိုးစားအဖက်ဆယ်ခဲ့တယ်… ဒီလိုအခြေနေမျိုးမှာမိန်မတစ်ယောက်အနေ့နဲ့ဘာများထပ်ပြီးတောင်းဆိုနိုင်အုံးမလဲ..ရန်ကုန်မှာကိုယ်တွေလင်မယားသွားနေကျspa ဆိုင်မှာ အဲ့ဒီ့မိန်းမတစ်ကိုယ်လုံးပေါင်းတင်တာ အချိန်၂နာရီကြာတာကိုထိုင်စောင့်ပေးတယ်..ဆိုင်က လူတွေက ကိုယ်ထင်ပြီးကားတံခါးဖွင့်ပေးမိမှ မယားငယ်ကိုကားပေါ်တင်ခေါ်လာတာသိသိချင်း..ကိုယ့်ကိုလှမ်းတိုင်ကြတယ်…ကိုယ့်မှာသီချင်းသွင်းလက်စ ..စတူရီယိုထဲမှာ ….မှတ်မိတယ်..ဘယ်တော့မှမမေ့ဘူး…ကိုလေးလွင်ရဲ့ သီချင်း..ဒီသီချင်းလေးမဆုံးခင်……..ကိုသွင်းနေရင်းပရိုဂျူဆာတွေကကိုယ့်ကိုအားနာပြီးသမီးသီချင်းနောက်မှသွင်း.. အားမနာနဲ့…ဆိုပြီးရှောင်ပေးခဲ့ကြတာတွေ….ငိုကြီးချက်မနဲ့…မရူနိုင်မကယ်နိုင်တွေ…အခုကဲ့ရဲ့ပြောဆိုနေကြသူတွေကြုံဘူးလား..ဒီလိုနေရာရောက်မှသိပေးခံစားပေးနိုင်ကြတော့မယ်ပေါ့. ကိုယ့်ဆီမှမပျော်တော့တဲ့သူကို ဆွဲထားရတာ..ဘယ်လောက်ပင်ပန်းတယ်ဆိုတာကိုယ်တိုင်ကြုံမှသိကြမှာပါ… အိမ်ထောင်ရေးကြားထဲ အမျိုးတွေပါလာရင်ပိုရှုပ်မစိုးလို့ကြိတ်ဖြေရှင်းလေ အရူးမီးဝိုင်းလေပဲဆိုတာ… ခဏခဏ ယောက္ခမကိုပြေးတိုင်ရတာနောက်ပိုင်း ကိုယိ့သေတွင်းကိုယ်တူးသလိုဖြစ်လာတာသိတယ်…သူတို့တောင်ကိုယ့်ကိုမုန်းလာကြတယ်…

ဘာသာခြားမို့ အမြဲ အဖက်ဖက်ကနေ အလှူဆိုလဲ လက်မနှေးခဲ့ဘူး..ကိုယ့်ကိုခွဲခြားမမြင်အောင် ဘုရားတွေတည်ပေး…ကထိန်တွေခင်းပေးနဲ့ တစ်သားထဲဖစ်အောင်နေပေးခဲ့တယ်…အဓိကက အပြစ်မမြင်ခံရအောင် ကြိုးစားနေခဲ့ပေမဲ့သူကိုယ်တိုင်ဒီအိမ်ထောင်ရေးကိုပျင်းလာလို့ ရည်းစားထားတာလို့.. မိဘတွေအရှေ့ပြောလာတဲ့နေ့က.. ဘဝမှာ ရှက်စရာအကောင်းဆုံးနေ့… ကိုယ်ထင်ထားတဲ့ ချစ်လှချည်ရဲ့ ဆိုတဲ့ယောကျာ်းက ကိုယ့်နေရာကိုအစားထိုးလိုက်တယ်ဆိုတာပဲ… …ကျွန်မသမီးကို ကွာရှင်းပေးပြီးတဲ့နေ့ကတည်းက ကျွေးမွေးပြုစုလာခဲ့တာ…ကျွန်မတစ်ယောက်တည်းလဲရှာကျွေးနိုင်တယ်..ရှာလဲကျွေးခဲ့တယ်..အခုချိန်ထိမိဘမောင်နှမတွေကိုလဲရှာကျွေးနေနိုင်သေးတယ်….ကျွန်မဘာမှမဖြစ်ချင်ဘူး..တစ်ခုပဲ…ကျွန်မသမီးလေးတွေကြီးလာတဲ့တနေ့ သူတို့အမေဟာ.. သူများတွေပြောနေကြသလို ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်ယူတယ်လို့ထင်နေတာတွေကိုအမှန်တရားကဘာလဲ..အမေဘာကြောင့် အခုလို ရှင်းပြခဲ့တာလဲဆိုတာသိအောင်ပါပဲ..အမေနဲ့ မနွေးထွေးဘူးလို့ထင်သူတွေ…တစ်နေ့တစ်နေ့စားဝတ်နေရေးရုန်းကန်ရလို့ပင်ပန်းတာတစ်ဖက်…သမီးကိုမဖြစ်သင့်တာမဖြစ်အောင် ဆူရ..သင်ရနဲ့..ကူဖော်လောင်ဖက်မရှိတစ်ကိုယ်တည်း..ဘယ်လိုလုပ်နေရတယ်ဆိုတာ..တစ်ရက်လောက်အိမ်ကိုလာကြည့်စေချင်ပါတယ်… ကိုယ့် အိမ်ထောင်ဖက်ဖောက်ပြန်ခဲ့တာကိုတောင် ဘေးလူ မသိအောင်ဇဝေဇဝါနဲ့ မသိလိုက်ကြရအောင်အကြိမ်ကြိမ် အဖက်ဆယ်ခဲ့တာတွေ..ကာကွယ်ခဲ့တာတွေဟာ…သမီးမျက်နှာကိုမထောက်ဘူးလို့ပြောနေသူတွေသိလောက်ပြီထင်ပါတယ်…သူဖောက်ပြန်တာမသိလိုက်ဘူး..နင်နောက်လင်ယူတာသိရတယ်လို့ပြော တဲ့သူတွေလဲစိတ်မဆိုးပါဘူး..ဖောက်ပြန်တယ်ဆို ကတည်းက လူမသိေ စချင်လို့လုပ်တာ…လူသိပ်မသိတာမထူးဆန်းပါဘူး…ကျွန်မကအရူးမကြီးမို့ စုံလုံးကမ်းတာ.
.ပြောကြပါစေ…

ကျွန်မဘဝ ကျွန်မ အကြောင်းကျွန်မ ကြိုးစားပြီး တည်ငြိမ်အောင်ကြိုးစားနေတဲ့ဒီအချိန်မှာ..စိတ်ရောလူရာပင်ပန်းနေတဲ့ ဘဝထဲ ရဲရဲဝံ့ဝံ့ဝင်လာပေးတဲ့ ဒီအမျိုးသားကို ဘာကြောင့်လူတွေမုန်းပြီးတိုက်ခိုက်ကြလဲကျွန်မနားလည်တယ်…သမီးလေးမျက်နှာမထောက်ပဲ နောက်ယောကျာ်းကိုလက်ခံလို့ကျွန်မကိုမုန်းကြတယ်….သမီးလေးမျက်နှာထောက်ပြီးပြန်ပေါင်းဖို့မျော်လင့်တိုက်တွန်းကြတဲ့သူတွေကိုကျေးဇူးတင်ပါတယ်..ကျွန်မကာယကံရှင်ကိုယ်တိုင်၁၁နှစ်တည်ဆောက်လာတာဘယ်ပျက်စီးခံချင်ပါ့မလဲ..အမျိုးမျိုးတည်ဆောက်ခဲ့တယ်..ဘယ်လိုမှအချစ်မရှိတော့တဲ့အိမ်ထောင်ရေး..ခံစားချက်မရှိတော့ကိုယ်အိမ်မှာရှိရင်သူအိမ်ပြန်မလာ…အိပ်ယာဘေးချင်းယှဉ်အိပ်ရင်တောင်နောက်ကျောပဲမြင်ခဲ့တဲ့မိန်းမတယောက်..အချစ်ခံချင်…အယုယခံချင်ခဲ့တယ်..ကိုယ့်နေရာမှာသူစိမ်းကိုရင်ခွင်ထဲထည့်ပြီးရင်ဖွင့်အချစ်ခံနေတဲ့ယောကျား…ကိုယ်ရှိမှန်းသိသိနဲ့..ကားထဲ ဒီမိန်းမအသုံးအဆောင်တွေထည့်ထားတာခံခဲ့ရတဲ့ ဘဝကို.ကြုံဖူးကြမှသာသိပါလိမ့်မယ်…ကြိုက်တဲ့လူမုန်းန်ုင်…ဝေဖန်..ဆဲဆိုနိုင်ပါတယ်… ရင်ထဲမခံစားနိုင်တော့လို့ အကုန်ဖွင့်ပြောလိုက်ပြီ… ဘဝဆက်တိုင်းမုန်းနိုင်ပါတယ်….ဒီအကြောင်းတွေကျွန်မယောက္ခ…ယောင်းမ..ခယ်မတွေတောင်သိလိုက်ပုံမရပါဘူး.. ဒါပေမဲ့ ကျွန်မသမီးလေးတွေအနာဂတ်အတွက်အမှန်တရားတစ်ခုကိုဘယ်အချိန်ဖြစ်ဖြစ်ပြန်လှည့်ကြည့်ရင်လိပ်ပြာလုံစေရမယ်…မိန်းမမြတ်မဖြစ်ခဲ့ပေမဲ့ အမေဟာ မိန်းမယုတ်တော့မဟုတ်ခဲ့ဘူးဆိုတာသိစေချင်ပါတယ်… လူတိုင်းရဲ့ချစ်ခြင်းကိုလဲမမျော်လင့်သလို ကိုယ်တန်ဖိုးထားရတဲ့ မိသားစုဝင်တွေရဲ့အထင်လွဲမှုကိုတော့ တစ်သက်လုံးမယူဆောင်သွားနိုင်ဘူး… ကျွန်မအခုပြောခဲ့တာတွေဟာ..နေရာတိုင်းမှာသက်သေတွေရှိခဲ့တာပါ..အခုထိကြိုက်တဲ့ အချိန်ပြော..သူတို့တွေသက်သေခံပေးမယ့်သူတွေချည်းပဲ..မလိမ်မညာပဲ ကျွန်မဘဝကိုအရှိကိုအရှိတိုင်းချပြခဲ့တယ် .လူတွေမုန်းမှာလဲသိပါတယ်..သူတို့မှအဖြစ်မှန်မသိကြတာ…

ကိုယ့်ဘဝကိုယ့်အကြောင်းနဲ့ကိုယ်မို့ ကိုယ်ချင်းစာနိုင်ကြပါစေ… ကိုယ့်အကြောင်းသိသူတွေက စိတ်တိုကြပေမဲ့ ကိုယ့်ကိုလူမုန်းမှာစိုးလို့ ကြိတ်ပြီးနေပေးခဲ့ကြတယ်..အခုတော့ သူ့အမှားကကိုယ့်အမှားဖြစ်လာတဲ့ပုံစံမျိုးဝိုင်းစွပ်စွဲနေလို့ မပြောချင်ပေမဲ့ပြောလိုက်ရပြီ…အမှန်ဆိုတာဖုံးကွယ်လို့ဘယ်လောက်ကြာကြာရနိုင်မှာလဲ…ကိုယ့်လမ်းကိုယ်လျှောက်ပါတော့..လာလာပြီး ထိသလိုရိသလိုတွေနဲ့အခုထိမပြီးနိုင်မစီးနိုင်ဖြစ်နေတာဟာဘယ်သူ့အတွက်မှအကျိုးမရှိဘူး… အဆုံးသတ်ကြရအောင်. သမီးအတွက် အဖေကောင်းတစ်ယောက် အနေနဲ့ရှိပေးရင်ရပြီ..ကျန်တာကျွန်မတာဝန်ထားပါ…မွေးနေ့တိုင်းအတူရှိပေးပါ…သမီးလိုအပ်တိုင်းရှိပေးရင်ကျေနပ်ပါပြီကျွန်မစိတ်မနာဘူး..ကျွန်မစိတ်ကုန်သွားခဲ့တာ..ကြိုက်သလိုပြောနိုင်ပါတယ်…..ဘယ်လိုပဲပြောပြောကျမက ဒီဇာတ်လမ်းမှာလူယုတ်မာမကြီးပဲထားပါတော့..ကျေနပ်ကြတော့နော်… အားလုံးတားကြတယ်..ကိုယ့်အမှားဖြစ်မယ်နော်..မပြောနဲ့တော့တဲ့..ဒါဆိုမသိပဲဝင်ဆဲနေတာတွေ မိုက်ရိုင်းတာတွေလက်ခံမယ်ပေါ့..ဘုရားမဟုတ်ဘူး..လူ..လူမှလူစစ်စစ်… မသိရင်မပြောနဲ့..အကုသိုလ်မယူကြနဲ့…စေတနာနဲ့ပြောတာ..” ဆိုပြီး ရေးထားတာလေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ် ချစ်ပရိ သတ်ကြီးရေ……

Source; Chan Chan’s Facebook Page