


Credit – Cele Zone

Photo – Baby Maung

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူကတော့ ဘေဘီမောင်ပဲ ဖြစ်ပါတယ် ။ ပိုပြီး လေးစားစရာ ကောင်းတာကတော့ အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း ပရဟိတ အလုပ်တွေကို တတ်နိုင်သလောက် လုပ်ကိုင်ကာ အလှူအ တန်းတွေကို မကြာခဏ ပြုလုပ်တတ်သူတစ်ဦးပဲ ဖြစ် ပါတယ်။

ဒါ့အပြင် ဘေဘီမောင်က ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ချစ်ခရီးလမ်းလေးကို အတူလျှောက် လှမ်းနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးကလည်း ပွင့်ပွင့်လင်းလင်းနဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ သူတို့ အတွဲလေးကို အားကျနေကြတာပါ ။

အခုလည်း ချစ်ခင်ပွန်းနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေနဲ့အတူ ချစ်စကားလေးတွေ ရေးသားဝေမျှလာပါတယ် ။ ” ကိုယ်ကသာအလုပ်တွေလုပ်ပြီးမအားဖြစ်နေပေမယ့် နှလုံးသားလေးက မောင့်ကိုလွမ်းနေပါတယ်လို့အကြိမ်ကြိမ်ပြောနေတယ် မောင်ရယ် မောင့်ဇနီး မောင့်ကိုလွမ်းနေပါတယ် မြန်မြန်ပြန်လာခဲ့ပါ❤️” ရေးသားထားရာ ချစ်စရာကောင်း လွန်းတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလို က်ပါတယ် ။

Credit – Cele Zone

Photo – Baby Maung

Leave a Comment

Your email address will not be published. Required fields are marked *