ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးကွယ်လွန်သွားတဲ့ သတင်းလေးကို ပရိသတ်တွေလည်း ကြားသိပြီးသားဖြစ်မယ်ထင်ပါတယ်။ မနက်ဖြန်မှာဆိုရင်တော့ ကိုတာတာမျိုး ဘဝတစ်ပါးကို ကူးပြောင်းသွားတာ (၇)ရက်ပြည့် ရက်လည်ပြုလုပ်ရမယ့် နေ့ရက်လေးပဲဖြစ်ပါ တယ်။

ကိုတာတာမျိုး ဆုံးပါးကွယ်လွန်သွားကတည်းက မိတ်ဆွေအပေါင်းသင်းတွေက ကိုတာတာမျိုးအတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြပါသေးတယ်။ အခုလို သူ့ရဲခင်ပွန်အတွက် ကောင်းရာဘုံဘဝရောက်စေဖို့ စိတ်ရင်းစေတနာအမှန်နဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးကြတဲ့ အတွက် နန်းမြတ်က “မနက်ဖြန်ဆိုရက်လည်ပါပြီ။ အလှူပြုပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။

သူလည်းကောင်းရာဘုံဘဝကနေသာဓုခေါ်နေမှာပါ”ဆိုပြီး ကျေးဇူးတင်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ဒီလိုမျိုး ကုသိုလ်တွေပြုလုပ်ပေးတဲ့ မိတ်ဆွေကောင်းတွေကြောင့် ကိုတာတာမျိုးလည်း ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနေ မှာပါပဲနော်။

Source – Nan Myat Phyoe Thin

Zawgyi

ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး အလှူတွေပြုလုပ်ပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်စကားဆိုလာတဲ့ နန်းမြတ်ဖြိုးသင်း


