နိုင်ငံကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ရုပ်ရှင်နယ်ပယ်နဲ့ ဂီတနယ်ပယ် အသီးသီးမှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲွလေးပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ထားပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးနှစ်သိမ့်နေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို တူနှစ်ကိုယ် ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ အနုပညာအလုပ်တွေနဲ့အတူတူ သူတို့ဇနီးမောင်နှံနှစ်ယောက်စလုံရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကိုလည်း ချပြပေးနေတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိသေးတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက သူတို့နှစ်ယောက် ဝါသနာပါရာလေးတွေလုပ်ကိုင်ရင်း အချိန်တွေကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ရွှေမှုံရတီက ရှုတင်တွေအားတဲ့အချိန်လေးမှာ ခင်ပွန်းဖြစ်သူရွှေထူးနဲ့ အပြိုင် လက်ဝှေ့ထိုးအားကစားကို သင်ယူနေကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူရှိကြသူတွေပီပီ အတတ်ပညာတစ်ခုကို သင်ယူတာတောင် နှစ်ယောက်အတူတူ သင်ယူကြတာ ပရိသတ်ကြီးလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စွယ်တော်ရွက်လေးလို ထပ်တူကျတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကို အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Shwe Hmone Yati’s fb