


Credit – CeleZone

ပရိသတ်ကြီးရေ ခင်ရတနာစိုးကတော့ The Voice Myanmar ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရိုးသားပွင့်လင်းလှတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့ သူတစ်ယောက်ပါ။ လတ်တလောမှာတော့ ခင်ရတနာစိုးက ကိုဗစ်ကြောင့် ဖျော်ဖြေပွဲတွေပါးနေချိန်မှာ Live Sale တွေရောင်းချနေခဲ့ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် Tik Tok ဟာသ ဗီဒီယိုလေးတွေကို ရိုက်ကူးပြီး တင်ဆက်ပေးလေ့ရှိပါတယ်။

ခင်ရတနာစိုးရဲ့ ဟာသဉာဏ်ရွှင်လှတာကြောင့် Tik Tok ဗီဒီယိုလေးတွေက ပျော်ရွှင်မှုရသကို အပြည့်အဝပေးခံစားရတာကြောင့် ပရိသတ်တွေက သဘောကျနှစ်သက်နေခဲ့ပါသေးတယ်။ လတ်တလောမှာလည်း ခင်ရတနာစိုးက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဟာသ Tik Tok ဗီဒီယိုလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

Tik Tok ဗီဒီယိုလေးကတော့ နိုင်ငံခြားမှာ ခေတ်စားနေတဲ့ အသံတုလိုက်လုပ်တဲ့ ဗီဒီယိုလေးတွေအတိုင်းကို ဟာသလေးတွေလုပ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ဆော့ကစားခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ခင်ရတနာစိုးတို့ သူငယ်ချင်းတစ်စုရဲ့ ဟာသ Tik Tok ဗီဒီယိုလေးကို ကြည့်ရှု့ခံစားလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Credit – CeleZone
Source – Khin Yadanar Soe