ပရိသတ်တွေသိပြီးသားဖြစ်တဲ့ အဆိုတော် Ah boy နဲ့ ဝါရင့်သရုပ်ဆောင် ဦးလွင်မိုးတို့ နှစ်ယောက်ပါဝင်တဲ့ အမိုက်စား Game Show တစ်ခုကို ပရိသတ်တွေကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ် ။ ဝါရင့်သရုပ်ဆောင်တစ်ယောက်နဲ့ အဆိုတော် တစ်ယောက်ရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကြမယ့် ဒီဂိမ်း Show ကို ပရိသတ်တွေလည်း စိတ်ဝင်စားနေကြမယ်ထင်ပါတယ် ။

ဒီ ဂိမ်း show ကို ခင်လှိုင်က အစီစဉ်တင်ဆက်သူအဖြစ်ပါဝင်သွားမှာဖြစ်ပြီး ဒီည ၉:၃၀ ကျရင် Ah Boy နဲ့ ခင်လှိုင်တို့ ရဲ့ “Business Table Game Show” Episode One ကို Myanmar Media 7 Page, 7th Sense Creation Page, Our Travel Diaries Page နှင့် Ah Boy Page တို့တွင်တပြိုင်နက် တင်ဆက်ပြသသွားမည်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ကြည့်ရှုအားပေးဖို့ Ah boy က လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဖိတ်ခေါ်ခဲ့ပါတယ် ။

ဒီ Game Show က ခရီးသွားအကြောင်း နဲ့ပတ်သက်တာတွေ ပါဝင်မယ်လို့ယူဆရပြီး ပရိသတ်တွေကိုဘယ်လို ဆွဲဆောင်မလဲ ဆိုတာ ရင်ခုန်စရာပါပဲ ။ ပရိသတ်ကြီးလည်း ဒီည (၉) နာရီ ခွဲ မှာ ဒီ ဂိမ်း Show လေးကို ဆက်ဆက် စောင့်မျှော်ပေးကြပါဦးနော် ။

Source : Ah Boy
Credit (Yaung Chi)




Source : Ah Boy
Credit (Yaung Chi)