သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာကတော့ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး အရမ်းချစ်ကြပြီး မခွဲနိုင်မခွာရက် ဖြစ်နေတာကြောင့် နောက်ဆုံးမှာ လက်ထပ်ပွဲလေး ကျင်းပခဲ့ပြီး အခုချိန်မှာတော့ ချစ်စရာကောင်းတဲ့ သမီးလေးကို အောင်မြင်စွာ မွေးဖွားထားတာ ဖြစ်ပါ တယ်။

ခင်လွှမ်းကတော့ သမီးလေးမွေးပြီးနောက်ပိုင်းမှာ သူမရဲ့ မော်ဒယ်ဘဝတုန်းက ကိုယ်လုံးလေး ပြန်ဖြစ်အောင် လေ့ကျင့်ခန်းတွေ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ Tik Tok လေးတွေလည်း မကြာခဏဆော့ကစားပြီး ပရိသတ်တွေကို ပြန်လည် ဝေမျှပေးလေ့ရှိတဲ့ ခင်လွှမ်းကတော့ မကြာသေးခင်က ဗီဒီယိုလေး တစ်ခု တင်ပေးလာခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ R you single ဆိုတဲ့ မေးခွန်းလေးကို ခေါင်းညိမ့်ပြီး ဖြေနေတဲ့ ဇနီးဖြစ်သူကို မကျေနပ်တဲ့ ပုံစံဖြင့် ဘေးကနေ ဘုရှိုးရှိုးနေတဲ့ စည်ဖြိုးတို့သားအဖရဲ့အခွီဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါ တယ်။ ကဲ ပရိသတ်ကြီးလည်း ခင်လွှမ်းတို့မိသားစုလေးရဲ့ ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါ တယ်နော်။

Credit