ချစ်စရာကောင်းတဲ့ ရှမ်း၊ ကရင်၊ မြန်မာ ကပြားမလေး နော်ဖော်အယ်ထားက Photo Model တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက လူလေးချစ်စရာကောင်းသလောက် ဖော်ဖော်ရွေရွေလည်းရှိတာကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နော်ဖောအယ်ထားက လက်ရှိမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူလူထုနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နော်ဖောအယ်ထားက “ကျွန်မသည် ခရစ်ယာန်ဘာသာဝင်ဖြစ်ပါသည်။ဗုဒ္ဓဘာသာဝင်များအားလေးစားသလို အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာကိုလည်း လေးစားပါသည်။ ထို့ကြောင့် အခြားဘာသာဝင်သူငယ်ချင်းများနှင့် ချစ်ခင်လေးစားစွာ ပေါင်းသင်းဆက်ဆံပါသည်။ ‼️ဘာသာရေးမှိုင်းတိုက်ခြင်းကို အပြင်း အထန် ကန့်ကွက်ရှုတ်ချပါသည်‼️ လူမျိုးဘာသာတွေ မတူကြပေမဲ့ ခုချိန်မှာ အားလုံးရဲ့ပန်းတိုင် ဟာ တူတူပဲဆိုတာ ယုံကြည်ပါတယ် 🙏🏻♥️🕊” ဆိုပြီး သူမရဲ့ သဘောထားကို ထုတ်ပြောလာပါတယ်။

နော်ဖောအယ်ထားက ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပေမယ့် အခြားသောဘာသာတွေကို လေးစားသူမို့ ဘာသာရေးမှိုင်းတိုက်ခြင်းများကို အပြင်းအထန်ကန့်ကွက်တယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Naw Phaw Eh Htar’s fb
Credit – Cele Connections

Leave a Comment

Your email address will not be published. Required fields are marked *