ဒီဇင်ဘာရဲ့နှင်းစက်တွေကြားမှာ အမှတ်တရဖြစ်ရတဲ့ ခရစ္စမတ်ပွဲတော်ကို လူတိုင်းလိုလို နှစ်သက်ကြပါတယ်။ ချမ်းအေးတဲ့ရာသီဥတု မှာ သစ်ပင်လေးကိုမီးလေးတွေ လက်ဆောင်လေးတွေနဲ့အလှဆင်ပြီး ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ပျော်ပါးပါး စုဝေးပြီး စားပွဲသောက်ပွဲကျင်းပတတ်ကြတာ ခရစ္စမတ်ရဲ့အထင်ကရတစ်ခုပါပဲ။

Stay Home ကာလတွေမှာတော့ ခင်မင်ရသူတွေနဲ့မဆုံနိုင်တော့တာမို့ ကိုယ့်အိမ်မှာကိုယ်ပဲ အမှတ်တရခရစ္စမတ်လေးဖန်တီးပြီး ဓာတ်ဖမ်းကြပါသေးတယ်။ ဒီထဲမှာတော့ စိုးပြည့်က သူသိပ်ချစ်ရတဲ့ ခွေးလေးအပြင် မြတ်နိုးတန်ဖိုးထားရတဲ့ ဂစ်တာလေးနဲ့အတူ အမှတ်တရ ဓာတ်ဖမ်းကာ အဓိပ္ပါယ်အရှိဆုံး ခရစ္စမတ်ကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းလွန်းသူလေးဟာ အပြုံးတင်ချိုတာမဟုတ်ဘဲ အသံလေးကပါ သာယာနာပျော်ဖွယ်ဖြစ်လွန်း ပါတယ်။ ဒီလိုချစ်စရာအမျိုးသမီးလေးရဲ့ ခရစ္စမတ်အမှတ်တရပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်။

Credit– Cele Zone
Photo – Soe Pyae Thazin




Credit– Cele Zone
Photo – Soe Pyae Thazin