


Source: Moe Hay Ko’s fb

နိုင်ငံကျော် မင်းသမီးချောလေး မိုးဟေကိုကတော့ မော်ဒယ်လ်တ စ်ယောက်အဖြစ် အနုပညာလော ကထဲကို ဝင်ရောက်လာခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လို့လာတာပဲ ဖြစ်ပါတယ်။ မိုးဟေကိုက သူမမိခင်ရဲ့ ကျန်းမာရေးအခြေ အနေတွေကြောင့် အနုပညာလောကကနေ သုံးနှစ်လောက်ပျောက်ကွယ်သွားခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွင်းကမှ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလာပြီး ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မိုးဟေကိုရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်ကထက်ေ တာင်ပိုပြီး စိတ်ဝင်တစားနဲ့ အားပေးကြတာကို တွေ့ရပါတယ်။

အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ပီပီ ချစ်တဲ့ ပရိသတ်တွေအမျာ းအပြားပိုင်ဆိုင်ထားတဲ့ မိုးဟေကိုက ဒီကနေ့မှာတော့ ပရိသတ်တွေဆီက ခရစ်စမတ်အချိန်အခါလေးနဲ့လိုက်အောင် အမှတ်တရ လက်ဆောင်တွေ ရရှိခဲ့ပါတယ်။ မိုးဟေကိုက သူမပရိသတ်တွေရဲ့ လက်ဆောင်နဲ့ ပက်သတ်ပြီး သစ်ပင်လေးရော လက်ဆောင်ဗူးလေးတွေရော၊ မီးကြိုးလေးတွေပါ လိုလေသေးမရှိ ပြည့်ပြည့်စုံစုံ အိမ်ထိပို့ပေးကြတဲ့အတွက် ကျေးဇူးတင်စကာ းပြောလာတာကို တွေ့ရပါတယ်။

မိုးဟေကိုကတော့ သူမကိုယ်တိုင်လည်း ပရိသတ်တွေကို လေးစားမှုရှိသလို သူမကိုအရမ်းချစ်ပြီး ဂရုစိုက်ပေးကြတဲ့ အမာခံပရိသတ်တွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုးဟေကိုတစ်ယောက် ပရိသ တ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ဒီထက်မက ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယ ာပျော်ရ ွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတော င်းပေးလိုက်ပါတယ်။

Source: Moe Hay Ko’s fb
Credit – Cele Connection